တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာအတွင်း စီးနင်းဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမှုအတွင်း ပိတ်မိကာ သက်ကြီးရွယ်အို (၃) ဦး မီးလောင်မှုအတွင်း ပိတ်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အင်း (၃၀) ခန့်ရှိ စစ်ကြောင်းက ‌သေနတ်များပစ်ခတ်ကာ ကျေးရွာအတွင်း စီးနင်းပြီး မတ်လ (၁၅) ရက်နေ့ နံနက်က ဝင်ရောက်ပြီး (၇) နာရီမှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာစဉ် ဒေသခံများ‌ထွက်ပြေးကြရသော်လည်း မပြေးနိုင်ခဲ့သည့် အသက် (၇၀) ကျော် အဖိုးအဘွား (၇) ဦး မီးလောင်မှုအတွင်း သေဆုံးခဲ့ရကြောင်း၊ မီးလောင်ခံရသည့် အဆောက်အဦ အနည်းဆုံး (၆၀) ကျော်ရှိသော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း သိရသည်။

#RedNewsAgency

By Editor