နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ‌အနောက်ဘက်ရှိ တောင်ကုန်း ဒေသတစ်ကျောတွင် စစ်ကောင်စီတပ်စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသည့်အတွက် ယနေ့ နံနက် (၇) ဝန်းကျင်မှစတင်ကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးကြောင်း KRU ကထုတ်ပြန်ထားသည်။

အင်အားအများအပြားထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)နှင့် KNDF BO(11)၊ PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း(1102)၊စစ်တောင်းပျောက်ကျားအဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့တိုက်ပွဲပြင်ထန်ပြီး စစ်ကောင်စီ ဘက်မှ (၂၀)ကျော် သေဆုံးခဲ့ပြီး တပ်ပေါင်းစုအဖွဲ့များမှ KRU ရဲဘော်(၂)ဦး ၊ တပ်ရင်း (804) ရဲဘော် (၁) ဦး၊ တပ်ရင်း(805)ရဲဘော် (၁) ဦး၊ စစ်တောင်းပျောက်ကျား ရဲဘော် (၁)ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများအားဖမ်းဆီးခေါ်ပြီး ရက်စက်ယုတ်မာမှုများ ပြုလုပ်နေသည့်အတွက် PNDF (KK)၊ KNDF တို့ မှထုတ်ပြန်ထားသော တိုက်ပွဲဖြစ်ပွားလျက်ရှိ စစ်မျက်နှာနှင့် ဝေးသောနေရာဒေသများ အား ပြောင်းရွှေ့နေထိုင်ပေးကြပါရန် Karenni Revolution Union – KRU က တိုက်တွန်းနှိုးဆော်ထားသည်။

#RedNewsAgency

By Editor