07
Dec
RNA_ဒီဇင်ဘာ(၇)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာသူရွာသားများမရှိသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။ " မနက် ၇ နာရီခွဲလောက်တွင် အကြမ်းဖက်စစ်ခွေးများသည် ရွှေဘုံသာကျေးရွာသို့ဝင်ရောက်ပြီး။ ၈နာရီခွဲတွင် ရွှေဘုံသာကျေးရွာအား မီးရှို့နေသည်။ လက်ရှိခွေးများသည် ထိုရွာထဲတွင်ရှိနေပြီး ပြည်သူများသည် မနေ့ညကထည်းက စစ်ရှောင်ပြေးနေကြရသည်" ဟု မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ-CDSOM က ယမန်နေ့က အသိပေးထားသည်။ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများထွက်ပြေးနေကြရကြောင်း၊ ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်က ရွှေဘုံသာကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်းထွက်သွားသည်နှင့် ရွာသူရွာသားများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ (more…)