Tag: ပေါက်တော

  • AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

    AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

    ရက္ခိုင့်တပ်တော် – AA၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး နဉ်မြေများကို သိမ်းပိုက်ရရှိထားပြီး စစ်ရေးရည်မှန်းချက်အရ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

    “တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်”ဟု AAက ထုတ်ပြန်ထားသည်။

    (more…)

  • Sold Out လို့မအော်ခင် ပြန်စဉ်းစားပါ

    Sold Out လို့မအော်ခင် ပြန်စဉ်းစားပါ

    “အခုအချိန်ဟာ တော်လှန်ရေး ရေချိန်မြင့်တက်နေတဲ့ အတွက် Sold Out ဆိုတဲ့ စကားကို သူ့ထက်ငါ အလုအယက် တင်ချင်ကြတာမှန်ပေမဲ့ အချိန်ခဏလောက်တော့ သည်းခံသင့်ရင် သည်းခံရမှာပါ”
    လှဆောင်
    အာမချောင်နဲ့ ဆိုတဲ့စကားဟာ ဒီနိုင်ငံမှာ လူတိုင်းနီးပါးလောက် ပြောဖူးကြမယ့် စကားမျိုးဖြစ်ပါလိမ့်မယ်။ မလုပ်နိုင်တဲ့ကိစ္စတွေကို လုပ်နိုင်တယ်ဆိုပြီး အာမခံတာတွေ၊ မပြောသင့်တဲ့စကားတွေကို မပြောသင့်တဲ့ အချိန်နဲ့ နေရာမှာ ပြောမိတဲ့ ကိစ္စတွေ၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ပြောတဲ့ ကိစ္စတွေမှာ အာမချောင်နဲ့လို့ ပြောလေ့ရှိကြပါတယ်။
    အခုလည်းပဲ နိုင်ငံတဝန်း စစ်အာဏာရှင်တော်လှန်ရေး ရေချိန်မြင့်တက်လာတာနဲ့ အမျှ ပါးစပ်စည်းမစောင့်ဘဲ အာချောင်တဲ့သူတွေ အများအပြားရှိလာပါတယ်။ အဲဒါကတော့ ခုရက်ပိုင်းခေတ်စားနေတဲ့ “Sold Out” ပဲဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က မြို့တစ်မြို့ကိုသိမ်းလိုက်တိုင်း အဲဒီမြို့နာမည်နဲ့ Sold Out ဆိုပြီး ရေးသားပြောဆိုနေကြတာပါ။
    ထင်သာတဲ့ ဥပမာကို ပြရမယ်ဆိုရင် ကိုးကန့်ဒေသက ကွမ်လုံမြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်တုန်းက” ကွမ်းလုံ Sold Out ” ဆိုပြီး တော်လှန်ရေးနာမည်ကြီး ဆယ်လီတချို့နဲ့ ပြည်သူတချို့က ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့အချိန်တုန်းက ကွမ်းလုံကို အလုံးစုံ မထိန်းချုပ်၊ မသိမ်းပိုက်နိုင်သေးပါဘူး။ နောက် သုံးလေးရက်ကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

    (more…)

  • ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

    ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက်၊ စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအညံ့မခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်-AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်နိုင်ခဲ့သော်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့သည့်အတွက် ယနေ့ ( နိုဝင်ဘာ ၂၂ ရက်) သည် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

    (more…)

  • MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

    MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

    (၁၂)၊၂၀၂၃ ခုနှစ်။

    MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ကုန်တွင်းပိုင်းမှ ဝင်ရောက်ဖြတ်ကျော်၍ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ဝန်းကျင်ရှိမည်ဟု မေလ ၁၁ ရက်နေ့ ခန့်မှန်းထားသည့်အတွက် ရခိုင်ပြည်သူများအတွက် ကူညီမှုများ သတိထားရန်နှင့် လိုက်နာရမည့် အချက်များကို ရက္ခိုင့်တပ်တော်-AA မှ ထုတ်ပြန်ထားသည်။

    MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး ခန့်မှန်းချက်များအရ ရက္ခိုင်ဒေသတွင်း မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ကာ မုန်တိုင်းဒဏ်ခံလာရဖွယ်ရှိသော ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမြို့များ (မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော)၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်မြို့များ (ကျောက်ဖြူ၊ အမ်းတောင်ပိုင်း၊ ရမ်းဗြဲ၊ စနဲ၊ မာန်အောင်၊ သံတွဲ)၊ သံတွဲခရိုင်တွင်းဟိ မြို့များ (ကျိန္တလီ၊ ဂွ) နှင့် ကမ်းရိုးတန်းတလျှောက် ကမ်းခြေဒေသများ၊ မုန်တိုင်း ကုန်းတွင်းပိုင်း မဝင်ရောက်ခင် ရက္ခိုင်ဒေသတွင်း မြို့အများစုမှာ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များအရ သိရသည်။

    [embedyt] https://www.youtube.com/watch?v=NpzS8PnaXW8[/embedyt]

    #RedNewsAgency