မိုင်းပါးတပ်စခန်းရှိ စစ်ကောင်စီတပ်သားများအားလုံး ထွက်ပြေး

RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။
လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်၏ မိုင်းပါးတပ်စခန်းကို အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းက ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ်မတော် PSLF/TNLA မှ အနီးကပ် ထိုးစစ်ဆင်ပြီးနောက် ညသန်းခေါင်အချိန်တွင် စခန်းတခုလုံး စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ယနေ့ နံနပ် ၄ နာရီခန့်က ရှင်းလက်းသိမ်းပိုပ်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ ဆောင်ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ (၅) ရက်မြောက်ဖြစ်ပြီး ပစ်မှတ်ထားသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

တအာင်းတပ်မတော် PSLF/TNLA၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီဘက်က ကျောက်မဲမှနေ၍ ၁၂၀/၁၀၅ ဟောင်ဝစ်ဇာအမြောက်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပန်စံကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်ကို ကာကွယ်သည့်အနေဖြင့် နောင်ချိုမြို့နယ် နေရာတချို့တွင် စစ်ကောင်စီတပ်များ ဖြန့်ချထားကြောင်း သိရသည်။
By Editor