နွေဦးတော်လှန်ရေး

စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။   စစ်အုပ်စုရှိသည့်နေရာသည် Myingyan Black Tiger (MBT)တပ်ဖွဲ့၏ နေရာဖြစ်ပြီး စစ်အုပ်စုရှိသိသည့်နေရာကို လိုက်ခိုက်တိုက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင်တပ်ရင်း (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။   Myingyan Black Tiger (MBT) တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့က ရဲဘော် (၇) ယောက်ဖြင့် စတင်တည်ထောင်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့က တပ်ဖွဲ့ တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့သော်လည်း နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် မေလ ၂၁…
Read More
လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်းရှိ ကနီမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် မလွယ်ကူသေးကြောင်း ကျားသစ်နက်တပ်မတော် - Black Leopard Army တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။   ယင်းမာပင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများ အထိုင်ချနေသည့် စုပေါင်းရုံးနှင့် ရဲစခန်းတို့ကို မေလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် Black Leopard Army၊ ချင်းတွင်းဒိုင်းနပိုက်၊ တောင်ပံနီ၊ Brother Defense…
Read More
အဆင့်မြင့်လက်နက်တွေမနိုင်တဲ့ ပြည်သူ့လက်သုံးချောင်း

အဆင့်မြင့်လက်နက်တွေမနိုင်တဲ့ ပြည်သူ့လက်သုံးချောင်း

"တော်လှန်ရေး စတင်ချိန်ကတည်းက အကြမ်းဖက်စစ်တပ်က အင်အားကြီးမှန်းကို သိပေမယ့် စုစည်းရသလောက် လက်နက်ခဲယမ်းတွေနဲ့ မတွန့်မဆုတ်တိုက်ခိုက်ခဲ့တယ်။ လက်နက်ခဲယမ်းတွေကို ဖင်ခုထိုင်ထားတဲ့ အကြမ်းဖက်စစ်ကတော့ လက်နက်သာရှိပြီး ယုံကြည်ချက်ကင်းမဲ့နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်မတိုက်ရဲခဲ့ကြဘူး"   နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေက အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ချင်တာကြောင့် ဘတ်ဂျက်အနည်းဆုံး လက်နက်တွေဖြစ်တဲ့ တူမီးလိုလက်နက်လေးတွေနဲ့စတင်လာခဲ့တာ ခုဆိုရင် နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း ကျော်အထိ စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီ။ အကြမ်းဖက်စစ်တပ်ကတော့ နိုင်ငံတော် ဘဏ္ဍာတွေကို မတရားသုံးစွဲပြီး ကာကွယ်ရေးအတွက်၊ လက်နက်အင်အား နည်းပညာအင်အား အဆင့်မြင့်ဆုံးတွေ သုံးထားပေမယ့် အောင်ပွဲဆိုတာ ကင်းမဲ့နေပြီး နယ်မြေတွေအားလုံးနီးပါး ထိန်းချုပ်မရတော့ဘူး။   လက်နက်မဲ့ပြည်သူတွေကို သေနတ်မောင်းတင်ပြီး သေရဲရင်ထွက်ခဲ့လို့ ပြောခဲ့သူတွေက အခုချိန်မှာတော့ မောင်းပြန်ကိုင်ထားတဲ့…
Read More
ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

RNA_မေ(၂၁)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ NUG - MOD ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အထူးတိုက်ခိုက်ရေး သင်တန်းဆင်းလာပြီးနောက် မေလ ၁၈ ရက်နေ့က စခန်းသွင်းပြန်လေ့ကျင်မှုများ ပြုလုပ််ပြီး ထူးချွန်သူများကို ဆုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာထံမှ သိရသည်။ စစ်ကိုင်းတိုင်းအခြေစိုက် ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၊ လေ့ကျင့်ရေးဌာမှ ဦးစီးသင်ကြားပေးသည့် အထူးတိုက်ခိုက်ရေး…
Read More
သူငယ်ချင်းထံ ပေးစာ

သူငယ်ချင်းထံ ပေးစာ

"ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ" ************************** သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ…
Read More
ပြည်သူများ တော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားသည့်အတွက်် စစ်ကောင်စီ ပိုရက်စက်ပြနေ

ပြည်သူများ တော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားသည့်အတွက်် စစ်ကောင်စီ ပိုရက်စက်ပြနေ

RNA_မေ(၁၃)၊၂၀၂၄ ခုနှစ်။ ယခုရက်ပိုင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၆၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံများက သတ်ဖြတ်သွားမှုသည် ပြည်သူများတော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားအသည့်အတွက် စစ်ကောင်စီက ပိုရက်စက်ပြနေဖြစ်နေသည်ဟု ဒေသခံတော်လှန်ရေး အင်အားစုများက သုံးသပ်ထားသည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများ၏ သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ပြည်သူ (၃၁) ဦးသေဆုံးခဲ့ရကြောင်း၊ မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်သည့်အတွက် ၂၀ ဦးခန့်သေဆုံးခဲ့ရကြောင်း၊ ဒီပဲယင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်း သေဆုံးခဲ့ရမှုများရှိခဲ့သည်။ “နေရာတိုင်းက သူတို့ချည်းခံနေရတော့ ဘာလက်နက်မှ မရှိတဲ့ပြည်သူတွေကိုပဲ ပိုမဲနေတာထင်တယ်။ ပြည်သူတွေ တော်လှန်ရေးအပေါ် အားစိုက်မှုက လျော့မသွားတဲ့အတွက် ပိုရက်စက်ပြနေသလိုပါပဲဗျာ။ စစ်ကော်စီမှာက စစ်ရေးပစ်မှတ်ဆိုတာ…
Read More
နောင်တမရလိုပါ ………….

နောင်တမရလိုပါ ………….

"အမိန့်အရဆိုရင် လူ့အသက်တွေက အပွင့်အခက်တွေလောက် အရေးမကြီးတတ်ကြဘူး။ လက်သုံးချောင်း မထောင်နဲ့ သေတတ်တယ်၊ အာဏာရှင်လို့ မရေရွတ်မိစေနဲ့ သေတတ်တယ်၊ လူ့အခွင့်အရေးအကြောင်း မပြောမိစေနဲ့ သေတတ်တယ်၊ နှင်းဆီပန်း မပန်ချင်နဲ့၊ လမ်းမပေါ် မထွက်နဲ့၊ ခြောင်းမကြည့်နဲ့၊အမျိုးသားနှစ်ယောက်တွဲပြီး ဆိုင်ကယ်မစီးနဲ့ စသဖြင့်ပေါ့ အကုန်သေတတ်တယ်" ********************************* လုပ်ပိုင်ခွင့်တွေနဲ့ အာဏာစက်ရဲ့ တန်ခိုးရှိန်ဝါကို ပင်လယ်ရေသောက်မိသလို သောက်လေငတ်လေ ရမ္မက်မပြေ ဖြစ်နေကြတဲ့ အဲ့ဒီအသိုင်းအဝန်းမှာ သူတို့ရဲ့ အာဏာပါဝါအတွက်ဆို ဒီနိုင်ငံကို ပြာချဖို့လည်း တစ်စက်လေးတောင် တွန့်ဆုတ်မနေတတ်ကြဘူး။ ထပ်ဖြည့်စရာမလိုတော့အောင် ပြည့်နေပေမယ့် သူတို့ရဲ့ အကျိုးစီးပွား ကြီးမားရေး အတွက်ဆို မြို့တွေရွာတွေကို စစ်တလင်းအဖြစ် ပြောင်းလဲပြစ်ဖို့လဲ ဝန်မလေးတတ်ကြဘူး။ သူတို့ရဲ့ လုပ်ရပ်တွေသာ အမှန်တရားဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက်…
Read More
KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

"KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်" သူရိန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် စစ်ရေးအရှိန်ဟာ နှစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ‌၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် KIA က စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်စီတပ် အထိနာနေသည့် အနေအထားဖြစ်သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်မှာ မတ်လ ၇ ရက်စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ဧပြီလ ၂၆…
Read More
“ဒိုင်လူကြီးတွေနဲ့ကျင်းပတဲ့ပွဲသာဆိုလျှင် ‘ဒိုင်ပွဲရပ်’နဲ့ ပြီးသွားလောက်ပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

“ဒိုင်လူကြီးတွေနဲ့ကျင်းပတဲ့ပွဲသာဆိုလျှင် ‘ဒိုင်ပွဲရပ်’နဲ့ ပြီးသွားလောက်ပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

RNA_မေ(၈)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အချိန် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒိုင်လူကြီးများနှင့် ကျင်းပရသည့် ပွဲသာဆိုပါက ဒိုင်ပွဲရပ်နှင့် ပြီးသွားလောက်ပြီဟု မေလ ၆ ရက် နေ့က ပြောကြားထားသည်။ “Awng La NSang တို့ရဲ့ ပွဲလို ဒိုင်လူကြီးတွေနဲ့ကျင်းပတဲ့ပွဲသာဆိုရင်……ဒိုင်ပွဲရပ်..နဲ့ပြီးသွားလောက်ပြီ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကပြောကြားထားသည်ဟု “ချစ်ခြင်းတည်စေ မနောမြေ” ကမ်ပိန်း ၏ Facebook page တွင် ဖော်ပြထားသည်။ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း၊ ယမန်နေ့ကလည်း မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် လပိုင်းမှစတင်ကာ…
Read More
မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

RNA_မေ(၇)၊၂၀၂၄ခုနှစ်။   ရေစကြိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လှုပ်ရှားနေသော Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရှိ မြိုဲ့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။   "ကျွန်တော်တို့ လက်ရှိစစ်ရေးအခြေအနေအရ မြို့ပြကိုထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့ပြကို ထိုးဖောက်ဖို့ဆိုတာလည်း အရင်စစ်ရေးမစ်ရှင်တွေနဲ့စာရင် ဒီဟာက တအားခက်ခဲပါတယ်။ အဲအတွက် ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်နေရတယ် အချိန်ယူနေရတယ် ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားနေပါတယ်။ ရဲဘော်တွေလည်း အကောင်းဆုံးစိတ်ဓာတ်တွေနဲ့အတူ ကျွန်တော်တို့လက်ရှိအနေအထားမှာ ကိုယ့်နယ်မြေမဟုတ်တဲ့ ရန်သူ့နယ်မြေထဲမှာ ထိုးဖောက်နေတာတွေလည်း ရှိပါတယ်" ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ့က ပြောသည်။ MBT တပ်ဖွဲ့အနေဖြင့် မန္တလေးတိုင်း မြင်းခြံ၊…
Read More