စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။
 
စစ်အုပ်စုရှိသည့်နေရာသည် Myingyan Black Tiger (MBT)တပ်ဖွဲ့၏ နေရာဖြစ်ပြီး စစ်အုပ်စုရှိသိသည့်နေရာကို လိုက်ခိုက်တိုက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင်တပ်ရင်း (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
 
Myingyan Black Tiger (MBT) တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့က ရဲဘော် (၇) ယောက်ဖြင့် စတင်တည်ထောင်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့က တပ်ဖွဲ့ တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့သော်လည်း နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် မေလ ၂၁ ရက်နေ့မှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
 
#RedNewsAgency
By Editor