Professional

စတန်းဒတ်(Standard ) အာမီလား ခြင်းကြား အာမီလား

စတန်းဒတ်(Standard ) အာမီလား ခြင်းကြား အာမီလား

"မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများတွင် ကျရှုံးလာမှုများလာသောအခါ စစ်တပ်အရာရှိများသည် ရှေ့တန်းမထွက်ရရေးအတွက် အရပ်ဘက်ဌာနများသို့ အလုံးအရင်းပြောင်းရွှေ့လာကြသဖြင့် အရပ်ဘက်ဌာနများအတွင်း အဂတိလိုက်စားမှုများနှင့် တစ်သွေးတစ်သန်တစ်မိန့်ဟူသော စစ်တပ်စည်းကမ်းများလွှမ်းမိုးလာပြီး စည်းပျက်ကမ်းပျက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုများပြားလာခဲ့ကြသည်" အညာသားရာဇဖွား - Wiper    ၂၀၁၈ ခုနှစ်စစ်တမ်းများအရ ကမ္ဘာ့အဆင့် ၃၅ နေရာတွင်ရှိသော အကြမ်းဖက်စစ်တပ်သည် နွေဦးတော်လှန်ရေး (၃) နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ EROs များနှင့် ရင်ဆိုင်တိုက်ပွဲများဆင်နွှဲလာရချိန်တွင် ကမ္ဘာ့အဆင့် ၃၇ သို့ နှစ်ဆင့်လျော့ကျသွားသည်ကိုတွေ့ရသည်။ အမှန်တကယ်လက်တွေ့မြေပြင်တွင်မူ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အဆင့်မှာ ကုန်းကောက်စရာမရှိလောက်အောင်ပင် ကျဆင်းနေပြီဖြစ်သည်။   တွေ့ဆုံပွဲများနှင့် အင်တာဗျူးများတွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ကမ္ဘာ့အဆင့်မှီ မြန်မာ့တပ်မတော်ဟုမည်မျှပင် ကြွားဝါနေစေကာမှူ အမှန်တကယ်မြေပြင်လက်တွေ့တွင်မူ…
Read More