မြင်းခြံမြို့နယ်

တိုက်ပွဲကြီးအဆင့် တိုက်နိုင်သည့်အင်အားမျိုး ပြင်ဆင်နိုင်ခဲ့ပြီဟု ကိုသက်ကြီးပြော

တိုက်ပွဲကြီးအဆင့် တိုက်နိုင်သည့်အင်အားမျိုး ပြင်ဆင်နိုင်ခဲ့ပြီဟု ကိုသက်ကြီးပြော

RNA_မေ(၂၃)၊၂၀၂၄ ခုနှစ်။ မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း- Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ယခုအချိန်တွင် တိုက်ပွဲ ၁၅ ကြိမ်လောက်ထိ ဆက်တိုက် တိုက်ခိုက်နိုင်သည့်အနေအထားဖြစ်နေပြီး တိုက်ပွဲကြီးများအဆင့်ထိ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက Red News Agency ကို ပြောကြားထားသည်။ Zero ပြောက်ကျားတပ်ဖွဲ့ ပျောက်နေသည်မှာ ၅ လဝန်းကျင်ကြာမြင့်ပြီဟု ပြောဆိုနေကြသော်လည်း အမှန်တကယ်တွင် တိုက်ပွဲများအတွက် လျှို့ဝှက်စွာ ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ အချိန်ယူခဲ့သည့် ၅ လအတွင်း အပြောင်းအလဲအများကြီဖြစ်ခဲ့ပြီး အားကောင်းအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်ဟု စသဖြင့် ကိုသက်ကြီးက ပြောကြားထားသည်။ #RedNewsAgency
Read More
စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။   စစ်အုပ်စုရှိသည့်နေရာသည် Myingyan Black Tiger (MBT)တပ်ဖွဲ့၏ နေရာဖြစ်ပြီး စစ်အုပ်စုရှိသိသည့်နေရာကို လိုက်ခိုက်တိုက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင်တပ်ရင်း (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။   Myingyan Black Tiger (MBT) တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့က ရဲဘော် (၇) ယောက်ဖြင့် စတင်တည်ထောင်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့က တပ်ဖွဲ့ တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့သော်လည်း နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် မေလ ၂၁…
Read More