နွေဦးတော်လှန်ရေး

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

"ကျွန်မအရီးဆိုရင်ခြုံထဲတိုးလိုက် ပြေးလိုက်နဲ့ အတွင်းခံလက်ကြိုး ပါမလာတာကို ဘေးကင်းရာရောက်မှ သတိထားမိတော့တယ်။ တကယ်ပြေးနေရတာဆိုတော့ အတွင်းခံကြိုးရှိမရှိလည်း သတိမထားမိကြတော့ပါဘူး။ လေယာဥ်အသံငြိမ်တော့ ကျွန်မတို့နေရာနဲ့ တော်တော်ဝေးတဲ့ရွာကို ပြောင်းနေကြတယ်။ အဲ့ဒီရွာကိုရောက်လို့ အဖေ့ကိုရေချိုးခိုင်းတော့ အဖေက ပစ္စည်းထည့်ယူလာတယ်သာပြောတယ် အိင်္ကျီမပါဘဲ ပုဆိုးတွေပဲယူလာခဲ့တာမို့ ကျွန်မတို့မှာ ငိုရခက် ရယ်ရခက်ပါပဲ" ခေတ်ငြိမ်းအေး အညာလို့ပြောလိုက်ရင် တောင်ဆင်းတောင်တက်တွေနည်းပြီး ကွင်းပြင်ကြီးတွေ တမျှော်တခေါ်ရှိတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးက လယ်ကွင်းစိမ်းစိမ်းထဲဒေသကို မြင်ကြလိမ့်မယ်။ အညာဟာ မိုးခေါင်ရေရှားလို့ ပြောကြပေမယ့် ရာသီဥတုကို အံ့တုပြီး ဆန်၊ရေ၊စပါး ပေါများအောင် ကြိုးစားတတ်ကြတဲ့ စိတ်ဓာတ်မာကြောသူတွေ ရှိတဲ့အရပ်တခုလည်းဖြစ်တယ်။ ဒီလိုပဲ  အညာသူ အညာသားဆိုတာ အစောကတည်းကမှ မာရေကျောရေနဲ့ လက်ကြောတင်းကြသလို စိတ်ဓာတ်ဆိုတာလည်း တော်တော်လေး…
Read More
တိုင်းပြည်က လိုအပ်လာတဲ့အခါ လူငယ်တွေက ရှေ့ဆုံးမှာ

တိုင်းပြည်က လိုအပ်လာတဲ့အခါ လူငယ်တွေက ရှေ့ဆုံးမှာ

"ငါတို့နဲ့ စစ်တပ်ကကောင်တွေနဲ့က မီတာတစ်ရာလောက်ပဲဝေးတာ တချို့နေရာတွေဆိုလှမ်းတောင်မြင်ရတယ်.. ဒါပေမဲ့ ဒီကောင်တွေတက်မလာရဲတော့ဘူး..တခါတလေဆေးကြောင်ပြီး ကျွံလာတဲ့ကောင်တွေတော့ရှိတယ်..အဲ့လိုကောင်မျိုးဆိုရင်တော့ ဖမ်းထားလိုက်တာပဲကွာ.. အာဏာရှင်ကို တော်လှန်နေတာတော့ဟုတ်တယ် အတက်နိုင်ဆုံးတော့ လူမသတ်ခြင်ဘူး ယဖရာ..ဆိုပြီး ပြောသွားခဲ့ပါတယ်...” ချမ်းမင်း - Wiper "တော်လှန်ရေး" ဒီစကားအသုံးအနှုန်းဟာ ကျွန်တော်တို့မျိုးဆက်အတွက် မစိမ်းလှတဲ့ စကားအသုံးအနှုန်းဖြစ်ပေမဲ့လည်း တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရတဲ့အချိန်မှာတော့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေများစွာနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် ၈၈ လူထုအရေးတော်ပုံနဲ့ ၇၃/၇၄ ကျောင်းသားသပိတ်နဲ့ အလုပ်သမားအရေးအခင်းတွေအကြောင်း စာအုပ်တွေထဲမှာ လူကြီးတွေ ပြန်ပြောပြတဲ့အကြောင်းအရာတွေထဲမှာလောက်တော့ သိရှိခဲ့ဖူးခဲ့ပေမဲ့လည်း တကယ့်တကယ် ကိုယ်တွေမျိုးဆက်လက်ထက်မှာခုလိုဖြစ်လာကြတော့ မျိုးဆက်သစ်လူငယ်တွေဟာ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာသိမ်းမှုကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်ခဲ့ကြတာကို ကိုယ်တွေပတ်ဝန်းကျင်မှာကော၊ နီးစပ်ရာအသိုင်းအဝိုင်းတွေမှာပါ မြင်တွေ့ခဲ့ရတယ်။…
Read More
ပုလဲမြို့ အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ချလိုက်ပြီ

ပုလဲမြို့ အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ချလိုက်ပြီ

RNA_ဇွန်(၁၁)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အဝင်အထွက်လမ်းများကို အသုံးပြုပြီး ခရီးသွားပြည်သူများ အသုံးမပြုတော့ရန် ၊ မြို့တွင်းရှိစစ်ကောင်စီတပ်များကို ဒေသတွင်းသတင်းအချက်အလက် ဖြတ်တောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် လမ်းမရှိ သစ်ပင်ကြီးများလှဲချပြီး ပိတ်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပုလဲမြို့တွင်းရှိ စစ်ကောင်စီတပ်များ အထိုင်ချနေရာများကို တော်လှန်ရေးအင်အားစုများက ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး မကြာခဏတိုက်ခိုက်လေ့ရှိသော်လည်း ခရီးသွားပြည်သူများ ပုလဲမြို့အတွင်းကို အဝင်မခံတော့သည်မှာ ပြီးခဲ့သည့် တပတ်အတွင်းလုပ်ဆောင်ခဲ့ပြီး ယမန်နေ့ကတော့ အထွက်ကိုပါ ပိတ်ချလိုက်ပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။ (more…)
Read More
စစ်ရှုံးလေလေ ပြည်သူတွေအပေါ် ပိုရက်စက်ပြလေလေ လုပ်နေသော စစ်ကောင်စီ

စစ်ရှုံးလေလေ ပြည်သူတွေအပေါ် ပိုရက်စက်ပြလေလေ လုပ်နေသော စစ်ကောင်စီ

"အခုအခြေအနေဟာ ပြည်သူတရပ်လုံး တော်လှန်ရေးဘက်မှာ ရှိနေတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီအတွက်တော့ နေ့တိုင်း ကျဆုံးနေရပြီး တော်လှန်ရေးအင်အားစုတွေက နေ့တိုင်းနီးပါး အနိုင်ရနေတာပါ။ စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်တွေကလည်း တော်လှန်ရေးအောင်မြင်မှုနဲ့အတူ မကြာခင်နိဂုံးချုပ်သွားတော့မှာ ဖြစ်ပါတယ်" #RNA #RedNewsAgency
Read More
လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

"စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်တိုင်း နင်းနေကြအကွက်ဖြစ်တဲ့ “အစည်းအဝေးသို့ တက်ရောက်၍ တိုင်ပင်ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ပါတယ်” ဆိုတဲ့ TV မှာ သတင်းကြေငြာ ဝါဒဖြန့်ကောင်းရုံ အဆင့်ကိုကျင့်သုံးနေပြီး လက်တွေ့မှာ အလုပ်မဖြစ်နိုင်တဲ့ကိစ္စတွေကို ဟန်ပြလို့ ကောင်းနေကြတုန်းပါပဲ။ စီးပွားရေးကဏ္ဍ ကျဆုံးမှုတွေအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးနေပုံတွေကလည်း ကြောက်ခမန်းလိလိ အံ့အားသင့်လောက်အောင် ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်" ကေဂျီ - Wiper စစ်တပ်အာဏာသိမ်းပြီး ၃နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် မေလ ကုန်ရက်ပိုင်းအတွင်း နိုင်ငံရဲ့သမိုင်းမှတ်တမ်းတစ်လျှောက်မှာ ငွေကြေးတန်ဖိုး စံချိန်တင် ကျဆင်းမှုနဲ့ ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင် မြင့်တက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ ဦးမော့လာနေပါပြီဆိုတဲ့ နိုင်ငံ့စီးပွားရေးရဲ့ အခြေအနေမှန်ဟာ ပျက်ကပ်ဆိုက်…
Read More
လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

RNA_ဇွန်(၂)၊၂၀၂၄ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း စစ်ကောင်စီလက်အောက်ခံများနှင့် KNDF ပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လွိုင်ကော်ဒေသခံပြည်သူများအနေဖြင့် ပြည်မရသေးဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားထားသည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက လွိုင်ကော်မြို့တွင်းပြန်ဝင်၍ရပြီဟု ဝါဒဖြန့်နေကြောင်း၊ စစ်ကောင်စီလော်ဘီများ၏ စကားများကို ဒေသခံပြည်သူများ မယုံကြည်သင့်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိရှိကြရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လွိုင်ကော်မြို့တွင်းပြန်နေရန် မသင့်သေးကြောင်း သိရသည်။ (more…)
Read More
ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

"စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်" ရန်နိုင် -  Wiper  မိုးဦးရာသီနဲ့အပြိုင် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ တင့်တယ်နေပုံက မြန်မာနိုင်ငံအတွက် မရိုးနိုင်တဲ့အလှအပ တခုပဲ။ သားသမီးတွေကို ရင်အုပ်မကွာ ထားတတ်တဲ့ မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးတွေကို ပညာတတ်ဖို့ဆိုတဲ့စိတ်နဲ့ စာသင်ကျောင်းဆိုတဲ့နေရာကို မပို့ချင်ပေမယ့်လည်း ပို့ကြရတယ်။ စိတ်မချတတ်တဲ့ မိဘတွေက မူလတန်းအရွယ် ကလေးမဟုတ်ပဲ အထက်တန်းကျောင်းသားကြီးတွေဖြစ်နေရင်လဲ ကျောင်းပေါက်ဝထိ…
Read More
စတန်းဒတ်(Standard ) အာမီလား ခြင်းကြား အာမီလား

စတန်းဒတ်(Standard ) အာမီလား ခြင်းကြား အာမီလား

"မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများတွင် ကျရှုံးလာမှုများလာသောအခါ စစ်တပ်အရာရှိများသည် ရှေ့တန်းမထွက်ရရေးအတွက် အရပ်ဘက်ဌာနများသို့ အလုံးအရင်းပြောင်းရွှေ့လာကြသဖြင့် အရပ်ဘက်ဌာနများအတွင်း အဂတိလိုက်စားမှုများနှင့် တစ်သွေးတစ်သန်တစ်မိန့်ဟူသော စစ်တပ်စည်းကမ်းများလွှမ်းမိုးလာပြီး စည်းပျက်ကမ်းပျက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုများပြားလာခဲ့ကြသည်" အညာသားရာဇဖွား   ၂၀၁၈ ခုနှစ်စစ်တမ်းများအရ ကမ္ဘာ့အဆင့် ၃၅ နေရာတွင်ရှိသော အကြမ်းဖက်စစ်တပ်သည် နွေဦးတော်လှန်ရေး (၃) နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ EROs များနှင့် ရင်ဆိုင်တိုက်ပွဲများဆင်နွှဲလာရချိန်တွင် ကမ္ဘာ့အဆင့် ၃၇ သို့ နှစ်ဆင့်လျော့ကျသွားသည်ကိုတွေ့ရသည်။ အမှန်တကယ်လက်တွေ့မြေပြင်တွင်မူ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အဆင့်မှာ ကုန်းကောက်စရာမရှိလောက်အောင်ပင် ကျဆင်းနေပြီဖြစ်သည်။   တွေ့ဆုံပွဲများနှင့် အင်တာဗျူးများတွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ကမ္ဘာ့အဆင့်မှီ မြန်မာ့တပ်မတော်ဟုမည်မျှပင် ကြွားဝါနေစေကာမှူ အမှန်တကယ်မြေပြင်လက်တွေ့တွင်မူ စည်းကမ်းပျက်ပြားသော၊ စစ်ရေးဆိုင်ရာ…
Read More
စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်ဦးဆောင်လျှောက်လှမ်းနေသူတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူဘဝရဲ့ သက်တမ်း တဝက်ကျော်ဟာ စစ်အုပ်စုကို အံတုရင်း၊ အကျယ်ချုပ်၊ အကျဥ်းထောင် စတာတွေနဲ့ပဲ ပေးဆပ်ခဲ့ရတာဖြစ်တယ်။ လက်နက်မဲ့ အမျိုးသမီးကြီးတယောက်ကို လက်နက်ကိုင်စစ်အုပ်စုက ကြောက်ရွံတယ်ဆိုတာ သမိုင်းက သက်သေရှိပါတယ်" နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကတိုက်နေကြတာဟာ အမျိုးသားတွေလို့ ဆိုရပေမယ့်၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကတည်းက အမျိုးသမီးတွေဟာ ရှေ့ဆုံးမှာပါဝင်ခဲ့ကြတယ်။အမျိုးသမီးတွေဟာ တော်လှန်ရေးရဲ့ အဓိက ဦးဆောင်သူတွေအဖြစ်လည်း ရပ်တည်နေပါတယ်။ အခန်းကဏ္ဍအနေနဲ့ အမျိုးသမီးတွေဟာ စစ်အတွင်း ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ၊  ဖော်ထုတ်ရေး၊ စီမံရေး၊ တင်ပြရေး၊ ရေးသားရေးအလုပ်တွေမှာပါ အဓိကနေရာကပါဝင်နေတာတွေ့ရပါတယ်။ အခုချိန်မှာ ရှေ့တန်းထွက်နေတဲ့ အမျိုးသမီးများရှိသလို နောက်တန်းမှာလည်း…
Read More
တိုက်ပွဲကြီးအဆင့် တိုက်နိုင်သည့်အင်အားမျိုး ပြင်ဆင်နိုင်ခဲ့ပြီဟု ကိုသက်ကြီးပြော

တိုက်ပွဲကြီးအဆင့် တိုက်နိုင်သည့်အင်အားမျိုး ပြင်ဆင်နိုင်ခဲ့ပြီဟု ကိုသက်ကြီးပြော

RNA_မေ(၂၃)၊၂၀၂၄ ခုနှစ်။ မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း- Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ယခုအချိန်တွင် တိုက်ပွဲ ၁၅ ကြိမ်လောက်ထိ ဆက်တိုက် တိုက်ခိုက်နိုင်သည့်အနေအထားဖြစ်နေပြီး တိုက်ပွဲကြီးများအဆင့်ထိ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက Red News Agency ကို ပြောကြားထားသည်။ Zero ပြောက်ကျားတပ်ဖွဲ့ ပျောက်နေသည်မှာ ၅ လဝန်းကျင်ကြာမြင့်ပြီဟု ပြောဆိုနေကြသော်လည်း အမှန်တကယ်တွင် တိုက်ပွဲများအတွက် လျှို့ဝှက်စွာ ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ အချိန်ယူခဲ့သည့် ၅ လအတွင်း အပြောင်းအလဲအများကြီဖြစ်ခဲ့ပြီး အားကောင်းအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်ဟု စသဖြင့် ကိုသက်ကြီးက ပြောကြားထားသည်။ #RedNewsAgency
Read More