နွေဦးတော်လှန်ရေး

ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

RNA_မေ(၆)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ - ပကဖ အဖွဲ့ဝင်တဦးက ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် လက်မခံနိုင်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာအရေးယူသင့်ကြောင်း ဒေသခံများက ပြောကြားထားသည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ရွှေဘိုမြို့နယ် ကျေးရွာတရွာတွင် ပကဖ အဖွဲ့ဝင်တဦးက ပြည်သူတစ်ဦးကို မောင်းတင်ပြီး ပြည်သူကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများက လက်မခံနိုင်သည့်အတွက် လူစုလူဝေးဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ “ပြည်သူ့ အထက်မှာနေတာတွေကိုမပြောလိုပေမယ့် ​သေနတ်ပြောင်းတွေ ပြည်သူ့ခေါင်းကို လှည့်လာတာတွေကတော့ အရေးယူ တားဆီးသင့်ပါတယ်။တိုက်နယ် ပကဖတာဝန်ခံကို ပအဖကနေတစ်ဆင့် အကြောင်းကြားပေးမယ်ပြောပေမယ့် အခုချိန်ထိဘာသတင်းမှမကြားသေးပါဘူး။ အချိန်ခံရတဲ့ပြည်သူတွေသာ အနေအထိုင်ဆင်ခြင်နေရတာပါ။” ဟု ဒေသခံတဦးက ပြောသည်။…
Read More
လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

RNA_မေ(၃)၊၂၀၂၄ခုနှစ်။ စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့သည့်အတွက်တိုက်ပွဲ ဖြစ်ရတော့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယ ဉက္ကဋ္ဌဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားလိုက်သည်ဟု SSPP Info မှ ယနေ့ ထုတ်ပြန်ထားသည်။ “တွေဝေနေလို့ မဖြစ်တော့ပါဘူး၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။…
Read More
တော်လှန်ရေးမှာကျန်ခဲ့မယ့် သမိုင်းထဲက အမှန်တရား

တော်လှန်ရေးမှာကျန်ခဲ့မယ့် သမိုင်းထဲက အမှန်တရား

"မိမိစိုက်ပျိုးသမျှကိုသာ မိမိပြန်လည်ရိတ်သိမ်းရမှာဖြစ်တဲ့အတွက် ဓမ္မ နဲ့ အဓမ္မ အကျိုးပေးကွာခြားမှုဟာ စိုက်ပျိုးနေချိန်ထက် အသီးအပွင့် ခူးဆွတ်ရိတ်သိမ်းချိန်မှာ အငြင်းပွားစရာ မလိုတော့အောင် အဖြေထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်" ကေဂျီ အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်နေတဲ့ အဖွဲအစည်းနဲ့ လူထုအတွက် နိုင်ငံအတွက် ယုံကြည်ချက်နဲ့ လက်နက်ကိုင်ရတဲ့ အဖွဲအစည်း နှစ်ခုရဲ့ အနှစ်သာရဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတဲ့အပြင် ရည်ရွယ်ချက်ခြင်းမတူညီသလို လားရာလည်း တူညီမှာမဟုတ်တာသေချာပါတယ်။ အဖွဲ့အစည်းတင် မဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မှန်ကန်တဲ့ ခံယူချက်နဲ့ ပြတ်သားတဲ့ လုပ်ရပ်အပေါ် မှုတည်ပြီး တစ်ဦးနဲ့တစ်ဦးရဲ့ တန်းဖိုးဟာ ကွာခြားသွားကြတာပဲ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစဦး အချိန်တုန်းကဆို မတရားမှုကို တွန်းလှန်တိုက်ခိုက်ခြင်တဲ့ ဒေသအနှံ့အပြားက…
Read More
ပြင်ဦးလွင်အနီး ထိုးဖောက်လာတဲ့ မန္တလေး PDFနဲ့ တိုက်ပွဲကြားက လူသားဆန်မှု

ပြင်ဦးလွင်အနီး ထိုးဖောက်လာတဲ့ မန္တလေး PDFနဲ့ တိုက်ပွဲကြားက လူသားဆန်မှု

"ခေါင်းပေါင်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး တင်ကိုဆိုရင် တတက- ၁၃ က ဌာနမှူးဖြစ်ပြီး၊ အောက်ခြေက လိုက်ပါလုပ်ဆောင်နေသူတွေက ထောက်ပို့ဘတ်၊ GE ဘတ် တံဆိပ်နဲ့ ဒီလူတွေပဲတွေ့ရတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အတွင်းထဲက နောက်ဆုံးအခြေအနေပဲ ဖြစ်တယ်။ ဒါက မန္တလေးတိုင်းအတွင်းကို သင်တန်းတက်ဖို့လာရောက်တဲ့ တပ်ပေါင်းစုံက စစ်သားတွေကို ကြုံသလိုစုပြီး ခံစစ်ပြင်ထားတာဖြစ်တယ်" မောင်ဝိ - Wiper စစ်ပုံကျနစွာ ယူနီဖောင်းအပြည့်အစုံနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေကြပါတယ်။ သူတို့က တခြားသူတွေမဟုတ်၊ မြန်မာပြည်အလယ်ပိုင်းမှာ ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်ကောင်စီတပ်ရင်းတွေကို အားမာန်အပြည့်နဲ့ တိုက်ခိုက်နေတဲ့ မန္တလေး PDF ပါ။ "ဟေ့ကောင်တွေ..နာရီဝက်အတွင်းလက်နက်ချပါ၊ မင်းတို့မှာ မိသားစုတွေရှိတယ်..."လို့ တိုက်ပွဲအတွင်းမှာကို ရန်သူ့ မိသားစုတွေ ဘဝတွေ၊…
Read More
ကျင်ဒွေးမြို့သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဟု ချင်းညီနောင်အဖွဲ့ပြော

ကျင်ဒွေးမြို့သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဟု ချင်းညီနောင်အဖွဲ့ပြော

RNA_မေ(၁)၊၂၀၂၄ ခုနှစ်။ PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇိုမိုးဖက်ဒရယ်အစည်းအရုံး၊ ချင်းအများသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ ( ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( မတူပီ) စသည့် ချင်းညီနောင်စစ်ဆင်ရေးမှ သိမ်းပိုက်ရရှိထာသည့် ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ချင်းညီနောင်များထံမှ သိရသည်။ ကျင်ဒွေးမြို့စစ်ကောင်စီစခန်းအား ဧပြီလ ၂၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၄ လကျော်ကြာမြင့်ခဲ့သော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ထောက်ပို့နှင့်ပြည်သူများ၊ စစ်သည်တော်များအားလုံးကို ချင်းညီနောင်အနေဖြင့် ဂုဏ်ယူကြောင်းနှင့် မြို့သိမ်းတိုက်ပွဲအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် စစ်သည်တော်များကိုလည်း လေးလေးနက်နက်လေးစားအသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားသည်။ (more…)
Read More
မြန်မာတနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဟု NUG ပြော

မြန်မာတနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဟု NUG ပြော

RNA_ဧပြီ(၃၀)၊၂၀၂၄ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ (၅) မြို့အပါအဝင် မြန်မာတနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အဓိကကျသော စစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင် ၊ ကပစလက်နက်ထုတ်စက်ရုံများ စသည်တို့ကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။    Red News Agency
Read More
နောက်ဆုံးထွက်သက်ထိ စစ်ဖိနပ်စီးပြီး စစ်ကျွန်ဖြစ်နေမယ့် စစ်အိုကြီးများ

နောက်ဆုံးထွက်သက်ထိ စစ်ဖိနပ်စီးပြီး စစ်ကျွန်ဖြစ်နေမယ့် စစ်အိုကြီးများ

"မရှုံးခံနိုင်ရိုးလား ခေတ်အဆက်ဆက် အာကာထွန်းဘောင်းဘီဝတ်၊ ခြင်းကျားလွယ်၊ မဖြစ်မနေဝတ်ခိုင်းတဲ့ ကျည်ကာအင်းင်္ကျီအလေးကြီးရယ်၊ ကျည်တတောင့်ပစ်ရင် တခါ missfire ဖြစ်တဲ့ MA သေနတ်ကြီးရယ်၊ ဗုံးသီးတွေနဲ့ တစ်တောဝင် တစ်တောင်ထွက် ငတ်ပြတ်နေတဲ့ အခြေအနေမှာ တောင်ပေါ်ကနေ ခဲနဲ့ထုရင် လဲကျမယ့် အခြေအနေဖြစ်တယ်။ အသက်တွေက ၅၀ ကျော်အရွယ်တွေ၊ ခေါင်းမှာလည်း ဆံပင်တွေ ဖြူနေပြီ၊ လက်မောင်းက အရစ်လေးတွေက ပြဲစုတ်နေတာတောင်၊ ကိုယ့်သားအရွယ် စစ်ဗိုလ်တွေ လက်ညှိုးညွှန်ရာ သွားရတဲ့ ဘဝ..." မောင်ဝိ စစ်ကောင်စီတပ်ထဲမှာနေတဲ့အချိန်က စစ်ဝတ်ရိက္ခာနဲ့ပတ်သတ်ရင် (၁၀၂၅) ဆိုတဲ့ စာရင်းနဲ့ စစ်ယူနီဖောင်း (PC)၊ စစ်ဆောင်၊ စစ်ခြင်ထောင် အပါအဝင် စစ်ဖိနပ် (No-1)၊ တောစီး စသဖြင့်…
Read More
သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

"တွဲအားလုံးက ခေါင်းဖြစ်နေတာကြောင့် အကြမ်းဖက်စစ်တပ်ကို အချိန်ပြည့် နေရာအနှံ့က ထိုးနှက်တိုက်ခိုက် နေတာကတော့ တော်လှန်ရေးအတွက် အားသာချက်တခုပဲ။ သို့ပေမယ့် လက်ဝှေ့ပွဲတခုလို ထိချက်ပြင်းပြင်းတွေနဲ့ ထိုးနှက်ထားနိုင်ပေမယ့် အသည်းကောင်းတဲ့ ပြိုင်ဘက်အတွက် ပွဲသိမ်းတိုက်ကွက်တခု တော့လိုနေပြီ" ရန်နိုင် နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်သူအားလုံးဟာ အမှန်တရားမြတ်နိုးသူ အာဏာရှင်စနစ်ကို မလိုလားတဲ့အတွက် ရရာနည်းနဲ့ အားကုန်သုံးပြီး လုပ်ဆောင်နေကြသူများ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများမှာတော့ တွဲအားလုံးမှာ ခေါင်းပါတဲ့ ရထားတွဲကြီး ဖြစ်နေတာကြောင့် စစ်ကောင်စီအတွက်တော့ ဦးတည်တိုက်ခိုက်ရမယ့် အဖွဲ့အစည်းရယ်လို့မရှိပဲ တနိုင်ငံလုံးကို စစ်မျက်နှာဖွင့် တိုက်ခိုက်နေရတာ မျက်မြင်ပဲဖြစ်တယ်။ တနိုင်ငံလုံးတိုက်နေရတော့ စစ်ကောင်စီအတွက် အားကုန်ချိနဲ့နေတာလဲ မျက်မြင်ပဲဖြစ်တယ်။ တော်လှန်ရေးအစမှာ မြို့ပြပြောက်ကျားအဖွဲ့တွေအတွက် အရေးပါတဲ့ခေါင်းဆောင် တယောက်အဖြစ် စစ်ကောင်စီက စွပ်ဆွဲပြီး ကို‌ဇေယျာသော်ကို…
Read More
“ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်”

“ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်”

"အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်" Dark Shadow UG အဖွဲ့က ရဲဘော်အရိပ် (ပန်ဒါလေး) ရေးသားသည်။  လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ UG ၁၄ ယောက်ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်ဆိုပြီး မီဒီယာမှာ ရေးသားဖော်ပြခံခဲ့ရပြီးပြည်သူလူထုရော စိတ်မကောင်းဖြစ် ဘေးကင်းဖို့ ဆုတောင်းစာတွေနဲ့အတူ Dark Shadow UG အဖွဲ့က ရဲဘော်တစ်ချို့ဖမ်းဆီးခံရပြီး ကျန်ရဲဘော်တွေ အိမ်တွင်း ဝင်ရောက်ဖမ်းဆီး ပစ်ခတ်မှု အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့အမှတ်တရနေ့လေး ဖြစ်ခဲ့ရတယ်။ ၂၇.၄.၂၀၂၂ အဲ့နေ့က…
Read More
ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။  ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၃၄)၊ ရဲစခန်းနှင့် ကာကင်းစခန်း၊ ခလရ (၁၉) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ထုတ်ပြန်ထားသည်။  စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား ဧပြီလ (၂၅) ရက်နေ့က တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိပြီး သိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More