အင်တာဗျူး

KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ပေါင်းစုမှ ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်စခန်း (၄) ခုကို တပြိုင်တည်း တိုက်ခိုက်စဉ် စခန်း(၂) ခုအ တိုက်ခိုက် ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှလဒုတပ်ရင်းမှူးအပါအဝင် ( ၁၆) ဦးသေဆုံးကာ (၁၇) ဦးဒဏ်ရာရရှိသွားသည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ အထိုင်ချစခန်းများဖြစ်သည့် ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းစခန်းတို့ကို တိုက်ခိုက်ခဲ့သော်လည်း မပြီးတိုင်မချေမှုန်း နိုင်ခဲ့ကြောင်း၊ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို အပြီးတိုင်ချေမှုန်းနှိုင်ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ (more…)
Read More
ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၄၀) ကျော်သေဆုံး

ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၄၀) ကျော်သေဆုံး

RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာ အနီးတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား ဧပြီလ (၁၆) ရက်နေ့ (၁၈) ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀)ကျော်သေဆုံးခဲ့ကြောင်း ယနေ့ KNDF က ထုတ်ပြန်ထားသည်။   ဒေါညေးခူကျေးရွာ အနီးတွင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit)တို့ပူပေါင်း၍ ဧပြီလ (၁၆) ရက်နေ့မှ…
Read More
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား အမှတ်(၂၀၃) စစ်ဒေသတွင် ကျင်းပပြုလုပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား အမှတ်(၂၀၃) စစ်ဒေသတွင် ကျင်းပပြုလုပ်

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကိုရှမ်းမြောက်ရှိ အမှတ်(၂၀၃) စစ်ဒေသတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဧပြီလ (၁၇) ရက်နေ့သည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်မြောက်နေ့ ဖြစ်ကြောင်း၊ KNU/KNLA တပ်မဟာ (၅) နယ်မြေရှိ အမှတ် (၁၀၇) စစ်ဒေသနှင့် ရှမ်းမြောက်ရှိ အမှတ် (၂၀၃) စစ်ဒေသတို့တွင် BPLA ရဲဘော်များက အခမ်းအနားများပြုလုပ်ခဲ့ကြသည်။ (more…)
Read More
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။ စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) လက်အောက်ခံတပ်ရင်း (၇၀၃) နှင့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်( CNF/CNA)တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ "ထိုသဘောတူစာချုပ်အရ အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃)သည် တော်လှန်ရေးကို အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေး သတင်းထုတ်ပြန်အပ်ပါသည်" ဟု တပ်ရင်း (၇၀၃)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

RNA_ဧပြီ(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ပလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲတိုက်ခိုက်မည်ဟု ပြောနေကြကြောင်း၊ နောက်ဆုံးအခြေအနေများကို ယနေ့ နေ့လည်ပိုင်းက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။   ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။   NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ (more…)
Read More
Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်အားကောင်းနေသည့် ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး ဧပြီလ ၆ ရက်နေ့က လာရောက်ပူးပေါင်းကြောင်း သိရသည်။ Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့သည့်အတွက် ဗိုလ်ဒါဘောမှ ကော်ဘရာစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူကာ ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်ဟု Cobra စစ်ကြောင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရိမ်ပြည်နယ်သား (၃) ဦး ချင်းပြည်နယ်အတွင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဟု CDF - Mindat ကယနေ့ ထုတ်ပြန်ထားသည်။ မြန်မာ-အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်း ချင်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က မီဇိုရိမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နှင့် (၅)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံးပြီး၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။ "ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့…
Read More