အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

RNA_မေ(၁၂)၊၂၀၂၃ခုနှစ်။

ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အာဆီယံလူသားချင်းစာနာမှု အကူညီညှိနှိုင်း ဆောင်ရွက်ရေးဗဟိုဌာန ( AHA -Center) မှ သံတမန်ယာဉ်တန်းကို မေလ () ရက်နေ့က ပစ်ခတ်ခံရမှုသည် စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ခဲဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီPa-O National Federal Council ( FNFC) ကယမန်နေ့ကထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံများသည်အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးတော်လှန်ရေးအင်အားစုများပစ်ခတ်သည်ဟုနိုင်ငံတကာမှအထင်လွဲစေရန်၊ဒေသတွင်းတိုင်းရင်းသားစည်းလုံးညီညွတ်စွာရေးကိုအဓိကထားဦးတည်တိုက်ခိုက်ရန်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းနှင့်အကူအညီလိုအပ်နေသည့်ပြည်သူများကိုနိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအကူအညီမရစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ယခုလိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြသည်။

ပအိုဝ်းဒေသသို့ လာရောက်ကူညီသည့် သံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် အကြမ်းဖက် စစ်ကောင်စီသည် အကူညီလိုအပ်နေသော ပြည်သူအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်ပံ့များပေးရန် ဆန္ဒမရှိကြောင်းနှင့်ဖော်ဆောင်နိုင်သည့် အခြေနေစွမ်းပကားလည်းမရှိကြောင်း တွေ့ရှိရပါသည်။ စစ်ကောင်စီ၏အကြမ်းဖက် မှုများ ကိုမရပ်ဆိုင်းနိုင်ဘဲ လူသားချင်းစာနာမှုအကူညီများကို ထိထိရောက်ရောက်ပေးနိုင်မည် မဟုတ်ပါ။ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ် သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလိုလားသူများအကြား ဘုံသဘောတူညီချက်တစ်ရပ်ကို ရယူဖော်ဆောင် နိုင်မှသာ လူသားချင်းစာနာမှုအကူညီများပေးရေးအပါအဝင် အဓိပ္ပါယ်ရှိသောဒေသ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မတူညီသောတိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုးအာကားပဋိပက္ခများကိုဖန်တီး၍လည်းကောင်း၊တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းရှိမတူကွဲပြားသောအုပ်စုများအကြားပဋိပက္ခများကိုဖန်တီး၍လည်းကောင်း၊နိုင်ငံရေးထွက်ပေါက်ရှာလိုသူစစ်ကောင်စီ၏အမျိုးမျိုးသောသပ်လျှိုသွေးခွဲမှုများကိုသတိကြီးစွာထားရမည့်အချိန်ဖြစ်ကြောင်း၊ကယန်းအပါအဝင်ကရင်နီနှင့်ပအိုဝ်းအကြားဘာသာရေး၊လူမျိုးရေးပဋိပက္ခများကိုဖန်တီးနေသောစစ်ကောင်စီသည်ပအိုဝ်းအမျိုးသားအချင်းချင်းကြားပဋိပက္ခမျိုးစုံကိုဖန်တီး၍ရန်တိုက်ပေးနေသည်မှာထင်ရှားသထက်ထင်ရှားလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

By Editor