09
Oct
RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ မလေးရှားနိုင်ငံကို (၂) ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့သည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနှင့် ဘရူနိုင်း နိုင်ငံတို့ကလည်း ဖိတ်ခေါ်ဖို့ရှိနေကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက အောက်တိုဘာ (၈) ရက်၌ ဒေသတွင်းသတင်းဌာနများကို ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း (၅) နိုင်ငံမြောက် ခရီးစဉ်အဖြစ် မလေးရှားကို အောက်တိုဘာ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကျော်ကြာ အေးစက်ခဲ့သည့် ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ခြင်းလည်း ဖြစ်သည်။ စစ်အုပ်စုက ၎င်းတို့ ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းသတင်းအချက်အလက်များသည် မလေးရှားခရီးစဉ်မှတဆင့် တခြားဒေသတွင်းနိုင်ငံများသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေသည်…