Tag: အာဆီယံ

  • အာဆီယံအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန် အရပ်ဖွဲ့အဖွဲ့အစည်းများ အကြံပြုတောင်းဆို

    အာဆီယံအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန် အရပ်ဖွဲ့အဖွဲ့အစည်းများ အကြံပြုတောင်းဆို

    RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။

    အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစသ်အားလုံးကို ရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆို အကြံပြုထားသည်။

    အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင် ဖြေရှင်းမှု” ရည်ရွယ်ချက်အပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏ ရပ်တည်ချက်စာတမ်းတွင် အကြံပြုချက်နှင့် တောင်းဆိုချက်များတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးအပ်ရန်စသည့် အချက်များ ပါရှိသည်။

    (more…)

  • အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

    အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

    RNA_မေ(၁၂)၊၂၀၂၃ခုနှစ်။

    ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အာဆီယံလူသားချင်းစာနာမှု အကူညီညှိနှိုင်း ဆောင်ရွက်ရေးဗဟိုဌာန ( AHA -Center) မှ သံတမန်ယာဉ်တန်းကို မေလ () ရက်နေ့က ပစ်ခတ်ခံရမှုသည် စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ခဲဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီPa-O National Federal Council ( FNFC) ကယမန်နေ့ကထုတ်ပြန်ထားသည်။

    စစ်ကောင်စီလက်အောက်ခံများသည်အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးတော်လှန်ရေးအင်အားစုများပစ်ခတ်သည်ဟုနိုင်ငံတကာမှအထင်လွဲစေရန်၊ဒေသတွင်းတိုင်းရင်းသားစည်းလုံးညီညွတ်စွာရေးကိုအဓိကထားဦးတည်တိုက်ခိုက်ရန်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းနှင့်အကူအညီလိုအပ်နေသည့်ပြည်သူများကိုနိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအကူအညီမရစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ယခုလိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြသည်။

    (more…)

  • ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

    ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

    သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ “နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ/ နစက” ဆိုတဲ့ အမည်ကိုတောင် မသုံးပါ။ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ/ မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ပဲ သုံးစွဲပါတယ်။ ဒါကိုက ဒီ ဖက်ဆစ်စစ်တပ်ကြီးကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ နိုင်ငံများက အသိအမှတ်မပြုတာ သေချာပါတယ်။

    အောင်ဒင် (ဇွန် ၁၈၊ ၂၀၂၁ ခုနှစ်)

    ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက ဖက်ဆစ်စစ်အုပ်စုကို ငြင်းပယ်ခြင်း။

    ဒီလပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ အကြမ်းဖက်အုပ်ချုပ်နေတဲ့ ဖက်ဆစ်တပ်မတော်အတွက် ကုလသမဂ္ဂစစ်မြေပြင်မှာ သိသာထင်ရှားတဲ့ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ မေလ ၂၆ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization/ WHO) က အဖွဲ့ကြီးရဲ့ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကြီး (The 74th World Health Assembly) မှာ မြန်မာစစ်အုပ်စုကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ညီလာခံတက်ရောက်ခွင့် ငြင်းပယ်လိုက်ပါတယ်။

    ဇွန်လ ၇ ရက်နေ့မှာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကြီး (International Labor Organization/ ILO) က မြန်မာစစ်အုပ်စုကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပမယ့် နိုင်ငံတကာအလုပ်သမားညီလာခံ (109th International Labor Conference) ရဲ့ ၁၀၉ ကြိမ်မြောက်အစည်းအဝေးကို တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာတော့ ဂျီနီဗာမြို့မှာပဲ ဇွန်လ ၂၁ ရက်ကနေ ဇူလိုင် ၁၃ ရက်နေ့အထိ ကျင်းပမယ့်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်ခွင့် ငြင်းပယ်ခံရပြန်ပါတယ်။ ဒီလို အရေးကြီးတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းကြီးများရဲ့ ညီလာခံကြီးတွေကို တက်ရောက်ခွင့်ငြင်းပယ်ခံရတာဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြီးမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကနေ ရွေးချယ်ဖွဲ့စည်းတာဝန်အပ်နှင်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစည်းအဝေးတက်ရောက်ခွင့် ယှဉ်ပြိုင်လျှောက်ထားမှုကြောင့် ဖြစ်ပြီး ဒီအစည်းအဝေးတွေကို NUG လည်း တက်ခွင့်မရပါဘူး။ ဒါပေမယ့် ပြည်တွင်းမှာလည်း ပြည်သူလူထုရဲ့ ပြင်းထန်အားကောင်းတဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာဖက်ဆစ်တွေအတွက်တော့ နိုင်ငံတကာ မျက်နှာစာမှာ ကြီးမားတဲ့ အရေးနိမ့်မှုတွေ ဖြစ်ပါတယ်။

    (more…)