စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အလယ်ပိုင်းတိုင်စစ်ဒေသ(၃)၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ်သည် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျဆုံးသွားခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှု‌ကြောင့် ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ တွင် တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည် (၁) ရီတွင် ရေစက်ချ အမျှဝေ တရားနာပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ထုတ်ပြန်ထားသည်။

ဒီးမော့ဆို (၁၁၀၂) တပ်ရင်းတွင် ကျရာတာဝန်ကိုစွမ်းစွမ်း တမံထမ်း‌ဆောင်ပြီး တာဝန်ကျေပွန်သော ရဲဘော်မျိုးမြင့်မြတ်ကို ပြည်သူ့အာဇာနည် နိုင်ငံ့သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဦးညွှတ်ဂုဏ်ပြုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် အသက်ပေးသွားသော ရဲဘော်မျိုးမြင့်မြတ်နှင့် ရဲဘော်များအားလုံးအတွက် အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်း ရဲဘော်များက ပိုမိုကြိုးစားပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor