Tag: ပစ်ခတ်ခံရ

  • စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    RNA_ဖားကန့် ဇွန်လ ၉ ရက် ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမည်မသိ လက်နက်ကိုင်အချို့က ယနေ့ နေ့လည် (၁) နာရီ ၃၀ မိနစ်ဝန်းကျင်က ပစ်သတ်သွားကြောင်း သိရသည်။

    “သေဆုံးလျက်တွေ့တာက လုံးခင်းသင်္ချိုင်းနားမှာပါ၊ သေနတ်နဲ့တေ့ပစ်ထားတာပေါ့” ဟု လုံးခင်းကျေးရွာ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

    အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို လူတစ်စုက နေထိုင်ရာ လုံးခင်းနေအိမ်ကနေ ‌ခေါ်ထုတ်သွားကြောင်း၊ သိပ်မကြာခင် လုံးခင်းသင်္ချိုင်းနားအနီးတွင် နားထင်ကို တေ့ပစ်ထားသည့် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင် တဦးကပြောသည်။

    ဖားကန့်၌ စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်သွားကြသော်လည်း ဦးကျော်ဆွေနှင့် အချို့သော အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏အလိုကျ လိုက်နာဆောင်ရွက်နေကြဆဲဖြစ်သည်။

    #RedNewsAgency

  • အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

    အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

    RNA_မေ(၁၂)၊၂၀၂၃ခုနှစ်။

    ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အာဆီယံလူသားချင်းစာနာမှု အကူညီညှိနှိုင်း ဆောင်ရွက်ရေးဗဟိုဌာန ( AHA -Center) မှ သံတမန်ယာဉ်တန်းကို မေလ () ရက်နေ့က ပစ်ခတ်ခံရမှုသည် စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ခဲဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီPa-O National Federal Council ( FNFC) ကယမန်နေ့ကထုတ်ပြန်ထားသည်။

    စစ်ကောင်စီလက်အောက်ခံများသည်အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးတော်လှန်ရေးအင်အားစုများပစ်ခတ်သည်ဟုနိုင်ငံတကာမှအထင်လွဲစေရန်၊ဒေသတွင်းတိုင်းရင်းသားစည်းလုံးညီညွတ်စွာရေးကိုအဓိကထားဦးတည်တိုက်ခိုက်ရန်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းနှင့်အကူအညီလိုအပ်နေသည့်ပြည်သူများကိုနိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအကူအညီမရစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ယခုလိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြသည်။

    (more…)

  • ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

    ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

    RNA_ဖားကန့် မတ် (၁၉)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းနေရာ ယမန်နေ့ညနေက KIA/PDF မှ ရဲကားအားပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာအနီးမှ ပြည်သူများအား ယနေ့ညနေတွင် စစ်ကောင်စီက ချက်ချင်းအတင်းရွှေ့ပြောင်းခိုင်းနေပြီး အိမ်များကို ဘက်ဟိုး ဘူဒိုဇာများဖြင့်ဖြိုချဖျက်ဆီး ရှင်းလင်းပစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

    ယမန်နေ့က KIA/PDF ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲသုံးဦး သေဆုံးခဲ့ပြီး စစ်ကောက်စီက လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာပြည်သူများအား ပစ်မှတ်ထားတုံ့ပြန်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်တစ်ဦး အမျိုးသမီး တစ်ဦးအပါ ပြည်သူ(၆)ဦးသေဆုံးခဲ့ရပြီး သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

    (more…)