ကျောင်းသားလက်ရုံးတပ်တော် (၂)နှစ်ပြည့်အခမ်းအနားနှင့် စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။

ကျောင်းသားလက်ရုံးတပ်တော် (၂) နှစ်ပြည့် အခမ်း အနားနှင့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားအား ဧပြီလ (၂၇) ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂ နှစ်ပြည့် အခမ်းအနားနှင့် သင်တန်းဆင်း စစ်ရေးပြ အခမ်းအနားတွင် သင်တန်းဆင်းတပ်သားစစ်ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော် နောက်ချန် အရံတပ်ရင်း၊ မဟာမိတ် ပူးပေါင်းစစ်ကြောင်းသုံးကြောင်းဖြင့် ချီတက် အလေးပြုခဲ့ကြကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါအခမ်းအနားတွင် မဟာမိတ်တပ်အသီးသီးမှအရာရှိ အရာခံများနှင့် အကြပ်စစ်သည်များ၊ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်များ ၊အရာရှိ၊အရာခံ ၊အကြပ်စစ်သည်၊ရဲဘော်တို့ တက်ရောက်ခဲ့ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော် (၂)နှစ်ပြည့်အတွက် မဟာမိတ်များနှင့် တောင်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

#RedNewsAgency

By Editor