Interview

ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

RNA_‌မတ်(၄)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ ကင်းမကျေးရွာမှနေအိမ် (၁၄) လုံးနှင့် ကင်းမရွာစစ်ဘေးရှောင်ပြည်သူများ၏ ဖောကားတစ်စီး၊ ဆန်၊ ပဲ၊ အခြားစားသောက်ကုန်စသည်တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ပေါက်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မတ်လ (၂) ရက်နေ့တွင် ကင်းမရွာဘက်ရောက်ရှိလာပြီး စစ်ဘေးရှောင်များ၏ ကာလတန်ကြေး သိန်း (၆၀၀) ခန့်ရှိ ပစ္စည်းများ၊ ကင်းမကျေးရွာ နေအိမ်များနှင့် PDF စခန်းတခုတို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟုပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း ( ပေါက်တောင်ပိုင်း ပြောက်ကျားတပ်) မှ ထုတ်ပြန်ထားသည်။ (more…)
Read More
သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိ RNA_မတ်လ(၃)၊၂၀၂၃ ခုနှစ်။ “ကျွန်တော်တို့က အညာသား မြင်းခြံသားတွေ စကားပြောရင်ပြတ်တယ်၊ လုပ်ရင်လည်းကျွန်တော်တို့က ရိုးရိုးရှင်းရှင်းလေးပဲ ဘာမှဂရုမစိုက်ဘူး ကျွန်တော်တို့ကလုပ်တယ်။ ကျွန်တော်တို့ လက်လုပ်နဲ့တိုက်တယ်” ဟု လက်လုပ်သေနတ်များ၊ ပခုံးထမ်းများဖြင့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့်မြို့ပေါ်အထိ တိုက်ပွဲဆင်နွှဲနေသည့် မြင်းခြံ Black Tiger အနေဖြင့် သေနတ်အစစ်များရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိသည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ [embedyt] https://www.youtube.com/watch?v=2rDsy-w8SY8[/embedyt] “ကျွန်တော်တို့ မြင်းခြံ Black Tiger ကထွက်တဲ့ ပခုံးထမ်းနဲ့တိုက်တယ်၊ ပွင့်ပွင့်လင်းလင်းပြောမယ်ဆို ကျွန်တော်တို့ ဒီပခုံးထမ်းအားကိုးနဲ့ ကျွန်တော်တို့ မြို့ထဲထိ တက်တိုက်တယ်၊ အစစ်တလက်မှမရှိဘူး တိုက်တယ်၊ ကျွန်တော်တို့က ရိုးရှင်းတယ်၊…
Read More
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီဝင် (၃) ဦးကို ပါတီမှထုတ်ပယ်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီဝင် (၃) ဦးကို ပါတီမှထုတ်ပယ်

RNA_‌မတ်(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ဗဟိုအလုပ်ကော်မတီမှ ယမန်နေ့က ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်း၊ ဗဟိုကော်မတီဝင် ဦးတိုးလွင်၊ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်အောင်တို့ကို ပေးအပ်ထားသောတာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်လိုက်ကြောင်း ယနေ့ ကြေညာထားသည်။ "ဥပဒေချိုးဖောက် အကြမ်းဖက်အာဏာလု စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှုမရှိသည့်အပြင်ပါတီ၏ ရပ်တည်ချက်တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင် ၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားပါသည်" ဟု ယနေ့ ထုတ်ပြန်ချက်တွင်…
Read More
KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်" ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။ (more…)
Read More
ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ‌ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း…
Read More
ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People's Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး /တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များဖြစ်သည့် MNDAAနှင့်AAတို့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ PSLF/TNLA ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ( အသက် ၆၄ နှစ်) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၄) နာရီ (၁၆) မိနစ်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ TNLA တပ်မဟာ (၂) စစ်ဒေသတွင် ယမန်နေ့ နံနက် (၇) နာရီ (၃၀) မိနစ် ဝန်းကျင်က စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။ လားရှိုးအခြေစိုက် စစ်ကောင်စီတပ် စကခ(၁၆) ၊ ခလရ (၆၈)မှ အင်အား (၆၀)ဖြင့် နန်ခုံကျေးရွာနှင့် လမ်းဆုံကျေးရွာအနီးရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်မှ တိုက်လေ ယာဉ် (၁) စီးနှင့် ဟတ်စကီး (၁) စီး၊ လက်နက်ကြီးများဖြင့်ပါ…
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။ ဘောလခဲမြို့နယ်၊ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကျေးရွာအကြား လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ပို့နေသည့် စစ်ကောင်စီတပ် ခလရ (၅၄) မှ အင်အား (၃၀) ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် (၅) ဦးအရှင်ဖမ်းခံရပြီး (၆) ဦးသေဆုံးကြောင်း သိရသည်။ ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDFတို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ အရှင်ဖမ်းမိသူများနှင့်အတူ MA လက်နက်မျိုးစုံ (၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

RNA_ဖေဖော်ဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် မတူပီမြို့နယ်တွင်းရှိ ဇိုတုန်ဒေသ၊CNA တပ်မဟာ (၄) နယ်မြေ စသည်တို့တွင် (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ (၄၅) ထက်မနည်း သေဆုံးကာ (၆) ဦးအရှင်ဖမ်းခံရပြီး လက်နက် (၅၀)ကျော်သိမ်းဆည်းရမိသည်ဟု ချင်းအမျိုးသားတပ်ဦး -CNF ကထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ တိုက်ပွဲများအတွင်း CNA၊ CDF ပူးပေါင်းတပ်မှ ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း၊ ‌ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာဇိုတုန်နယ်တွင် CNA၊ CDF-Matupi၊ CDF - Zotung၊ CDF - Mara…
Read More