လှည်းကူး

ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ‌ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း…
Read More
အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း လှည်းကူးမှာ စွန့်ပစ်ထား

အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း လှည်းကူးမှာ စွန့်ပစ်ထား

RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ တပင်‌ရွှေထီးလမ်းဘေးမှာ အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း စွန့်ပစ်ခံထားသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းဘေးစွန့်ပစ်ခံရသည့် အစ္စလာမ်ဘာသာဝင် (၁၃) ဦးသည် မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ရသည်ကို မသိရှိရသေးကြောင်း၊ အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်ဆေးရုံကြီး ပို့ဆောင်စစ်ဆေးနေသည်ဟု သတင်းဖြန့်ထားသည်။ ရခိုင်ပြည်နယ်မှ ကူးလာသည့် အစ္စလာမ်ဘာသာဝင်များ ရန်ကုန်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့တွင် ဖမ်းဆီးခံရမှုများ ရှိခဲ့ကြောင်း၊ ယနေ့ နံနက်က တွေ့ရှိရသည့် အစ္စလာမ် ဘာသာဝင် (၁၃) ဦး မည်သို့သေဆုံးခဲ့ရသည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ တရားခံများအားလည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။ #RedNewsAgency
Read More