KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်းစခန်းမီးရှို့ခံထားရသည့်မြင်ကွင်း။

“စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်” ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။

ဝေါလေဗျူဟာကုန်းမှတဆင့် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်း အင်အား (၅၀) ခန့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည့်အတွက် KNDOနှင့်ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရခြင်း ဖြစ်သည်။

ဓာတ်ပုံ – KNDO တပ်ရင်း (၈) တပ်ရင်းမှူး ဗိုလ်မှူးကြီးစောအယ်မြထူးနှင့် Federal Wings တပ်ဖွဲ့ဝင်များ။

#RedNewsAgency

By Editor