TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး /တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များဖြစ်သည့် MNDAAနှင့်AAတို့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

PSLF/TNLA ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ( အသက် ၆၄ နှစ်) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၄) နာရီ (၁၆) မိနစ်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ်သည် ပလောင်ပြည်နယ်နှင့် တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ၁၉၇၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ PSLO/PSLA တွင် တာဝန်အသီးသီးထမ်းဆောင်ခဲ့ပြီး၊ PSLF/TNLA လက်ထက်တွင် ဗျူဟာမှူးတာဝန်မှစတင်ကာ မကွယ်လွန်မီအချိန်အထိ ဒုတိယစစ်ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည့် တအာင်းအမျိုးသားများ၏ စံပြပုဂ္ဂိုလ်များထဲမှ တဦး ဖြစ်သည်။

#RedNewsAgency

By Editor