ရှမ်းပြည်မြောက်ပိုင်း

MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။ ညီနောင် မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ မန္တလေး PDF ရဲဘော်များ ဆင်နွှဲနေသည့် တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီး ၁ဦး၊ တပွင့်ဗိုလ် ၁ ဦးအပါအဝင် (၇) ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ "၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ မှ အောက်တိုဘာ(၃၀) ရက်နေ့အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်(၁)ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး၊ တစ်ပွင့်ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး၊ ပြည်သူ့စစ် (၂)ဦးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း…
Read More
TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ TNLA တပ်မဟာ (၂) စစ်ဒေသတွင် ယမန်နေ့ နံနက် (၇) နာရီ (၃၀) မိနစ် ဝန်းကျင်က စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။ လားရှိုးအခြေစိုက် စစ်ကောင်စီတပ် စကခ(၁၆) ၊ ခလရ (၆၈)မှ အင်အား (၆၀)ဖြင့် နန်ခုံကျေးရွာနှင့် လမ်းဆုံကျေးရွာအနီးရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်မှ တိုက်လေ ယာဉ် (၁) စီးနှင့် ဟတ်စကီး (၁) စီး၊ လက်နက်ကြီးများဖြင့်ပါ…
Read More
မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ် လမ်းမကြီး၊ မြစ်ရွှေလီလမ်းမနှင့် လင်းရောင်ခြည်လမ်းမကြား ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွာခဲ့ရာ (၅) နှစ်အရွယ် ယောက်ျားလေးတဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ " ဗုံးပေါက်ကွဲမှု ကျားရှစ်ယောက်အနက် ငါးနှစ်ကလေးငယ်ယောကျာ်လေးတစ်ယောက်ပါဝင်ပြီး မသုံးယောက်ဒဏ်ရာရရှိခဲ့ပါသည်။ကျား (1)မန္တလေးဆေးရုံသို့ လွှဲပြောင်းကူညီပေးခဲ့ပါသည်။လမ်းမကြီးဘေးမှ ဆိုင်ခန်းတချို့နှင့် လမ်းဘေးရပ်ထားသောကားသုံးလေးစီးခန့် အနည်းငယ်ပျက်စီးထိခိုက်" ဟု "နှလုံးလှ"လူမှုကူညီရေးအသင်း(မူဆယ်)က အသိပေးထားသည်။ ဗုံးပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့အထက်ရှိကြောင်း သိရသည်။ ဓာတ်ပုံ : "နှလုံးလှ"လူမှုကူညီရေးအသင်း #RedNewsAgency
Read More