Interview

လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ဘက်အလင်းဝင်ရောက်လာမည်ဆိုပါက ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ပေးအပ်မည်ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်ထားသည်။ "CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်း ဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း (၅၀) အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်သည်" ဟု ကြေညာထားသည်။ (more…)
Read More
မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ( ၁၂)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်ရင်းတပ်ဖွဲ့များကို စစ်ကောင်စီတပ်မှ မြေပြင် ဝေဟင် ညှပ်တိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်(၂) ဦးကျဆုံးခဲ့ကြောင်း သိရသည်။ မြေပြင်တိုက်ပွဲများ ပြင်းထန်သည့်အပြင် Mi 35 တိုက် ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)မှ စစ်သည်များကို ဖေဖော်ဝါရီ (၁၀) ရက်နေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ကိုယ်ပိုင်အမှတ် (P1- 1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1- 1202-159) ရဲဘော် ဖိုးဝတို့…
Read More
အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

RNA_ဖေဖော်ဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် - ၄ သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ရာ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။ " သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်" ဟု NUG - MOHAI က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

RNA_ဖေဖော်ဝါရီ( ၉)၊၂၀၂၃ ခုနှစ်။   ကရင်အမျိုးသားအစည်းအရုံး - KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွားပြီး အာဏာသိမ်း စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။   ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ်အတွင်း စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊…
Read More
ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၄)ရှိ ယမ်းချက်စက်ရုံကို People’s Revolution Alliance – PRA Magway က  RPG (၁)လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ မင်းဘူးခရိုင် စစ်ဒေသအခြေစိုက် People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်းနှင့် မောလုံ စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ နံနက် (ဖေဖော်ဝါရီ (၉) ရက် ၀၀:၄၀ မိနစ်) စောစောက တိုက်ခိုက်ခဲ့ပြီးအဆောက်အအုံနှင့် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု မြေပြင်အတည်ချက်အရ သိရကြောင်း ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ကျေးရွာ ဂျာယန်ပြည်သူ့စစ်အဖွဲ့မှ စစ်မှုထမ်းရန် မတရားဖမ်းဆီးထားပြီး စစ်သင်ဆန်းပေးခံနေရသည့် တအာင်းလူမျိုး (၁၂၇)ဦိးအား TNLA မှသွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသအတွင်း အဓမ္မဖမ်းဆီးခံထားရသည့် တအာင်းလူမျိုး(၁၂၇)ဦိးတွင် အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်ကလေး (၂၀)ဦီး၊ အမျိုးသမီးငယ်(၁၅)ဦီး၊ အခြားအရွယ် (၉၂)ဦီး ပါဝင်ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ကာ ဟန့်တားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက် (၈) နာရီ (၁၅) မိနစ်ဝန်းကျင်ခန့်က ဇီးဖြူကုန်းရွာသို့အသွားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (T.T.T)-SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ဆွဲမိုင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့က ထုတ်ပြန်ထားသည်။ [embedyt] https://www.youtube.com/watch?v=J8FnSbVrlk4[/embedyt] တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၇) ဦးသေဆုံးပြီး (၃) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red…
Read More
ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် - SSPP/SSS အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီရေး လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ ( နှစ်ချုပ်) အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဖေဖော်ဝါ ရီလ (၁) ရက်နေ့အထိ ဝမ်ဟိုင်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၆) ဦး၊ အရံဗဟိုကော်မတီဝင် (၅) ဦးနှင့် ဗဟိုရုံးအဖွဲ့ဝင် (၁၄) ဦးတို့…
Read More
ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချနိုင်ခဲ့ဟု NUG ထုတ်ပြန် 

ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချနိုင်ခဲ့ဟု NUG ထုတ်ပြန် 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်မှာ မြို့သိမ်းတိုက်ပွဲ ပြင်း‌ထန်နေပြီး ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်တစီးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တို့က ပစ်ချနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ် ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ရွှေပြည်အေးမြို့သစ်ကို ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)ခန္တီးခရိုင်တပ်ရင်း (၁) ဟုမ္မလင်း၊ HPDF-124၊HPDF၊ HPDF မိုးကြိုးနှင့် မဟာမိတ်တပ်ပေါင်းစုတို့ မြို့၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း၊ စစ်ကောင်စီတပ်က မြို့ပြန်လည်ထိန်းချုပ်နိုင်ရေး လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ (more…)
Read More
ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ RNA_ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ကလေးလူကြီးအကုန် ရွာလုံကျွတ်နီးပါး လမ်းပေါ်ထွက်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လမ်းပေါ်ထွက်ကာ ယနေ့ နံနက်ပိုင်းက သက်သေပြခဲ့ကြသည်။ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား မသက်ရောက်တော့သည့် ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံရေး စသည့် ကြွေးကြော်သံများဖြင့် ရွာစဉ်လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=eoTiKEr_pf0[/embedyt] အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်လည်း "တသံတည်းညီ တချီတည်းရုန်း" ခေါင်းစဉ်ဖြင့် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း…
Read More