RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။
စစ်ကောင်စီထောက်ခံသူများက PDF များလုပ်သည်ဟု လူမှုကွန်ယက်တို့တွင် စွပ်စွဲနေသားနေကြကြောင်း၊ လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – HLEGU PDF မှ (လုံးဝ) လုပ်ဆောင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။
#RedNewsAgency