RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ် သီတင်းကျွတ်လပြည့်နေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရချိန် ဒဏ်ရာရရှိခဲ့သော ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ စစ်ဒေသ (၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်သည် အောက်တိုဘာ (၉) ရက်နေ့ နံနက် (၃) နာရီခန့်က ကျဆုံးခဲ့ရပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စုမှ အောက်တိုဘာ (၆) ရက်နေ့ (သီတင်းကျွတ်လပြည်နေ့ည) ည (၇:၃၀) နာရီဝန်းကျင်ခန့်တွင် ပါရာမော်တာ စက်တပ်လေထီးဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၂၂) ဦးထက်မနည်း ကျဆုံးခဲ့ပြီး (၆၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် အပြင်းအထန် ဒဏ်ရာရသူများလည်းရှိပြီး ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့်နောက်ဆက််တွဲ ကျဆုံးမှုများလည်းရှိကြောင်း BLDF ကထုတ်ပြန်ထားသည်။



