08
Oct
RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းနှင့် ချောင်းဦးမြို့နယ်တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင် (၄) ဦး သေဆုံးကာ သံဃာ (၂) ပါးအပါအဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မုံရွာမြို့အခြေစိုက် စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပါရာမော်တာ (၁) စီးသည် နေ့လည် (၁) နာရီဝန်းကျင်က ဒီပဲယင်းအရှေ့ခြမ်း မူးကမ်းကြီးရွာရှိ အရပ်သားပြည်သူများရှိနေရာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မူးကမ်းကြီးဘက်မှာ နမခက တက်လာတဲ့ ပါရာမော်တာနဲ့ ဗုံးကြဲသွားတာ။ (၈) ဦးမှာ (၄) ဦးက နေရာမှာတင် သေဆုံးသွားတယ်၊ ကျန် (၄) ဦးက ထိခိုက်ဒဏ်ရာရတယ်။ အနီးနားဝန်းကျင်မှာ တိုက်ပွဲမရှိဘဲ…