ကပစ

စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

စစ်ကောင်စီ၏ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို MH-60R Rocket အလုံး ၂၀ ပစ်ခတ်ခဲ့

RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု - PRA Magway နှင့် Z-Fighter တို့ပူးပေါင်းပြီး စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ယမန်နေ့ ( နီုဝင်ဘာ ၃၀ ရက်) က MH-60R Rocket အလုံး ၂၀ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။   အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံအတွင်း ပစ်ခတ်မှုတွင် စက်ရုံအဆောက်အဦများအတွင်း ကျရောက်ပေါက်ကွဲပြီး ယနေ့( ဒီဇင်ဘာ ၁ ရက်)အထိ ယမ်းသိုလှောင်ရုံ မီးလောင်နေကြောင်း၊ ထိခိုက်ကျဆုံးမှုနှင့် အဆောက်အဦပျက်စီးမှုကို အသေးစိတ်စုံစမ်းနေကြောင်း၊ ယင်းတိုက်ခိုက်မှုကို မဟာဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းတိုက်ခိုက်ဖြစ်ကြောင်း PRA Magway ကထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ် ကျော်ရဲစံ မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က…
Read More
ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People's Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၄)ရှိ ယမ်းချက်စက်ရုံကို People’s Revolution Alliance – PRA Magway က  RPG (၁)လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ မင်းဘူးခရိုင် စစ်ဒေသအခြေစိုက် People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်းနှင့် မောလုံ စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ နံနက် (ဖေဖော်ဝါရီ (၉) ရက် ၀၀:၄၀ မိနစ်) စောစောက တိုက်ခိုက်ခဲ့ပြီးအဆောက်အအုံနှင့် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု မြေပြင်အတည်ချက်အရ သိရကြောင်း ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More