News

ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။   ဖားကန့်က၊ ကျောက်စိမ်းရှာဖွေနေသူများ၊ မြေပြိုမှုကြောင့် နွံအတွင်းပျောက်ဆုံးသွားသည့် (၃၆) ဦးဝန်းကျင်ကို ယနေ့ နေ့လည်ပိုင်းအထိ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆက်လက်ရှာဖွေခဲ့ကြကြောင်း သိရသည်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၆)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=E8ZBk9Rn2sU[/embedyt] (more…)
Read More
အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ MOD လက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မရောက်ရှိနေပေမဲ့ စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာကြမည့် ရဲဘော်များပါဝင်ပြီး စနစ်ကျသည့် တပ်တခုဖြစ်သည့် အညာက ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်ရေး စုစည်းနေကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ပြည်သူများကိုပြောကြားသည့် Facebook Live တွင် ဗိုလ်နဂါးက ထည့်သွင်း အသိပေးသွားသည်။ [embedyt] https://www.youtube.com/watch?v=uHnyo5IkTXA[/embedyt]   နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေးရှိသော်လည်း တိုက်ရိုက်အမိန့်နှင့်ညွန်ကြားမှုများကို လိုက်နာစရာမလိုသည့် ပြည်သူ့ထောက်ခံမှုရရှိထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှာ လှုပ်ရှားနေသော 96 Soldiers - PDF အညာဒေသ တပ်ခွဲ၊…
Read More
ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။ ရေမဆေးကျောက်ရှာဖွေသည့် ကျောက်ကျင်းတူးနေသူ (၃၆) ဦးထက်မနည်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်ကတည်းက နစ်မြှုပ်ပျောက်ဆုံးနေသူများ ယနေ့ နံနက် ၁၀ နာရီအထိ ရှာမရတော့သည့်အတွက် သေဆုံးပြီဟု ဒေသခံများက သတ်မှတ်ထားကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၁)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။ " လက်ရှိဒီမှာကျောက်တူးနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်၊ အပြင်ကနေ လာတူးနေသူတွေလည်းပါတယ်၊ စာရင်းကတော့ မခွဲထားဘူး၊ ဒဏ်ရာရရှိသူ (၈)ဦးရှိတယ်"ဟု ပျောက်ဆုံးစာရင်းပြုစုနေသည့် ကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးကပြောသည်။…
Read More
MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်း၌ သစ်များသယ်ယူရန် အင်အားအများပြားဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် -MRDA နှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၅ ဦးခန့် ကျဆုံးခဲ့ကြောင်း MRDA တပ်ရင်း ၆ တပ်ခွဲ ၁ ထံမှ သိရသည်။ [embedyt] https://www.youtube.com/watch?v=ApCchuUCBN8[/embedyt] ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်းသို့ သံခွန်များဖြင့် ချင်းတွင်းမြစ်ကြောင်းမှ တဆင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဩဂုတ်လ (၆) ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်က MRDA တပ်ရင်း ၆၊ တပ်ခွဲ ၁ နှင့်…
Read More
တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံများနှင့် ဩဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသည့် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၁)တပ်ရင်း - ကျောက်လုံးကြီး တပ်မဟာ) မှ တပ်ခွဲမှူးနိုင်ဝင်းဈာပန ယနေ့ ပြုလုပ်ခဲ့ ပြည်သူ အများအပြားနှင့် PDF များပို့ဆောင်ခဲ့သည်။ [embedyt] https://www.youtube.com/watch?v=SqJs0yW6TcI[/embedyt] "စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2023ခုနှစ် ဩဂုတ်လ 10ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်" ဟု ကျောက်လုံးကြီး KLG တပ်မဟာ၏…
Read More
မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်တောရပ်ကွက်အတွင်း နေအိမ်တအိမ်ကို ဓားပြတိုက်ပြီး အသက် ၂၄ နှစ်အရွယ် မွေးဖွားကာနီး ကိုယ်ဝန်ဆောင် မအေးငြိမ်းသူကို သတ်ဖြတ်သွားသည့် လူသတ်ဓားပြ (၇) ဦးကို ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက Guardian Force ရဲဘော်များမှ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက် လူသတ်ပြုလုပ်ခဲ့သူ (၇) ဦးကို စစ်ဆေးမေးမြန်းနေသည့် Facebook Live ကို Guardian Force ခေါင်းဆောင်က အများပြည်သူသိရှိအောင်တင်ပြခဲ့ပြီးနောက် “ပြည်သူကိုချပြပြီးဖြစ်တဲ့အတွက် liveကိုပြန်ဖျက်ပါပြီခင်ဗျာ” ဟုဆိုကာ ဖျက်ချသွားခဲ့သည်။ (more…)
Read More
စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

RNA_သြဂုတ် ၉ ရက်၊၂၀၂၃ ခုနှစ်။ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ခန့် လျှပ်စစ်ဝန်ကြီးနေရာကို  ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မြို့တွင် ဆိုးဆိုးရွားရွား မီးပျက်မြဲပျက်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ” သူတို့ စစ်ကောင်စီက လျှပ်စစ်ဝန်ကြီးတွေဘာတွေ ပြောင်းတယ်ကြားတယ်။ အပြောင်းအလဲ လုပ်လည်း ဒီပုတ်ထဲကဒီပဲဘဲ။ စစ်ကောက်စီကမှ အသုံးအကျတော့ စစ်ကောင်စီခန့်ထားတဲ့သူကလည်း ဘာအသုံးကျမှာလဲ။အပေါ်က ခိုင်းတာပဲ လုပ်ရတာလေ” ဟု အလုံမြို့နယ်‌ နေထိုင်သူတစ်ဦးက ပြောသည်။ လျှပ်စစ်မီး စစ်ကောင်စီ လက်ထက် အချိန်ဇယားဆွဲကာ အချိန်ပိုင်း မီးပေး၊ အလှည့်ကျမီးဖြတ်သည့်စနစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ယနေ့ အထိလုပ်ဆောင်နေကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က လျှပ်စစ်မလုံလောက်ခြင်းသည် ရေအားလျှပ်စစ်စီမံကိန်းများ ပျက်ခဲ့သည့်အတွက်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။ (more…)
Read More
ဟင်နရီဗန်ထီးယူ စစ်အုပ်စုနှင့် ပူးပေါင်းနေသည့်အတွက် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်

ဟင်နရီဗန်ထီးယူ စစ်အုပ်စုနှင့် ပူးပေါင်းနေသည့်အတွက် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်

RNA_ဩဂုတ်(၉)၊၂၀၂၃ ခုနှစ်။ ၂၀၁၆- ၂၀၂၁ လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် ဒုသမ္မတ ဖြစ်ခဲ့သည့် ဟင်နရီဗန်ထီးယူသည် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် NLD ပါတီမှထုတ်ပယ်လိုက်ကြောင်း သိရသည်။ "၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်" ဟု ဩဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ…
Read More
ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

RNA_ဩဂုတ်(၈)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့တွင် ယနေ့ ကျရောက်သည့် (၃၅) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး "၈" လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု - Red Umbrella Movement ပြုလုပ် ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်ချထားသော ရန်ကုန်မြို့လယ်ခေါင်တွင် "၈" ဂဏန်းနှင့် "တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ" စာတန်းပါ ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှုပြုလုပ်ခဲ့သည်ဟု ရန်ကုန်လူထုသပိတ်က ပုံများနှင့်အတူ ထုတ်ပြန်ထားသည်။ (more…)
Read More
ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား

ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား

RNA_ဩဂုတ်(၇)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေး ခုခံစစ်တွင် ပုံမှန်စစ်ပွဲတွေကို ဆင်နွှဲနေပြီး မကြာမှီ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု ၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွက် "နွေဦးအောင်ပွဲသတင်းများ ပြည်သူသို့တင်ပြချက်" တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ထည့်သွင်းပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=dFxeey6KwZA[/embedyt] #RedNewsAgency
Read More