News

ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

RNA_ဖားကန့်၊ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဟောင်ပါးကျေးရွာသို့ အသွားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေး‌ရေးဂိတ်ဖွင့်ထားသည့် ကသိုဏ်းတောင် စစ်စခန်းအား ယနေ့နံနက် (၅) နာရီခန့်က KIA/PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ "မနက် ၅ နာရီဝန်းကျင်ကစ အသံကြားရတာ၊ မနက် ၈ ခွဲလောက်မှာ ကသိုဏ်းတောင်စခန်းကို သိမ်းလိုက်နိုင်တယ်လို့ ကြားရတယ်၊ လက်နက်ခဲယမ်း အတော်‌များများရလိုက်တယ်တဲ့၊ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရသေးပါဘူး"ဟု PDF သတင်းရင်းမြစ်က ပြောသည်။ ကသိုဏ်းတောင် စစ်တပ်စခန်းသည် ပုံမှန်အားဖြင့် တပ်အင်အား (၃၀)ခန့်သာရှိသော်လည်း ယခုအခါ ရဲတပ်ရင်းများပါ အင်အားဖြည့်ထားပြီး စုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဒေသခံများက‌ပြောသည်။…
Read More
ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

RNA_ဖားကန့်၊ ဩဂုတ်လ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာအပိုင်းတွင် ယနေ့ (၁၂)နာရီခွဲခန့်က ကျောက်စိမ်း လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း သာယာကုန်းအပိုင်းမှ မြေပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုနှင့်အတူ ကန်အစပ်ရေချိုးနေသည့် အမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦး ပေ (၁၅၀) ခန့် မျောပါပြီး လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း နစ်မြှပ်ခဲ့ကြောင်း သိရသည်။ ကျောက်စိမ်းလုပ်ကွက် ကန်အစပ်မှ ရေစီးနှင့်အတူ ရွာလယ်လမ်းအတိုင်း ပေ(၁၅၀)ခန့် ရေစီးနှင့်အတူ မျောပါခဲ့သူ ၄ ဦးထဲမှ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို အသက်ရှင်လျက်ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း ကလေးနှစ်ဦးမိခင် ဒေါ်ခင်ဆွေမာ(ခ) ဒေါ်မလေး၊ (၃၇)နှစ်ခန့်မှာ ရေကန်အတွင်း နစ်မြှုပ်ပျောက်ဆုံးလျက်ရှိကြောင်း…
Read More
ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ ပ.က.ဖ နှင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - ပ.လ.ဖ တို့သည် ယခုရက်ပိုင်း ဒေသခံပြည်သူတချို့နှင့် NUG လက်အောက်ခံမဟုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပ.လ.ဖ အဖွဲ့ဝင် အချုပ်ခန်းစောင့် (အစမ်းခန့်) ၈ ဦး သည် ခိုးမှုဖြင့် အချုပ်ကျနေသော အမျိုးသမီးတဦးအား အတင်းအဓမ္မပြုကျင့်ခဲ့မှု ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျူးလွန်ခဲ့သူ (၈) ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။…
Read More
ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ NUG လူ့အခွင့်အရေးဝန်ကြီး ပြည်သူများကို တိုက်တွန်း

ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ NUG လူ့အခွင့်အရေးဝန်ကြီး ပြည်သူများကို တိုက်တွန်း

RNA_ဩဂုတ်(၁)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီသည် ပြည်သူများကို လှည့်ဖြားကြိုးစားနေသည့်အတွက် တော်လှန်ရေးအသိ ဆက်လက်ထားရှိပြီး ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြည်သူများကို တိုက်တွန်းထားသည်။ [embedyt] https://www.youtube.com/watch?v=WDUFBowFdgo[/embedyt]   #RedNewsAgency
Read More
96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

96 Soldiers – PDF နှင့်ပတ်သက်ပြီး စာထုတ်သည့်ကိစ္စ NUG ထိခိုက်သလို တော်လှန်ရေးကိုလည်းထိခိုက်ဟု ကိုဇေယျာလွင်ပြော

RNA_ဇူလိုင်(၃၁)၊၂၀၂၃ ခုနှစ်။ အညာဒေသခြေစိုက် ကိုဇေယျာလွင် ဦးဆောင်သော 96 Soldiers - PDF အညာဒေသတပ်ခွဲကို ကျေးရွာတရွာတွင် အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားသည့်စာသည် NUG ကိုလည်း ထိခိုက်သလို တော်လှန်ရေးကိုလည်း ထိခိုက်သည်ဟု ကိုဇေယျာလွင်က ပြေကြားထားသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသရုံး၏ ညွန်ကြားချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ရက်စွဲဖြင့် အခြေချနေထိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသော ကိုဇေယျာလွင် ဦးဆောင်သော 96 Soldier (LPDF) အဖွဲ့အား အခြေချနေထိုင်ခြင်းမပြုရန် ညွှန်ကြားခစာကို မြို့နယ်တာဝန်ခံက ထပ်ဆင့်ညွှတ်ကြားချက်ထုတ်ခဲ့ကြောင်းသိရသည်။ “ဒီလိုစာမျိုးက ဒီလိုကာလမျိုးမှာ အပေါင်းလက္ခဏာမဆောင်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ စာမျိုးဖြစ်တယ်ပေါ့နော်။ အကျိုးမရှိတဲ့ စာမျိုးဖြစ်တယ်ပေါ့။ အဲလိုစာမျိုးထုတ်ချင်းက NUG…
Read More
မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။   ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။…
Read More
အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများကြောင့် လူထုအသဲနှလုံးဖြစ်သည့် အမေစုကို စစ်ကောင်စီကထုတ်သုံးလာနိုင်သည်ဟု ဗိုလ်နဂါးက ယနေ့ညတွင်၎င်း၏ Facebook Live တွင် ထည့်သွင်း ပြောကြားသွားသည်။ " ကျွန်တော်တို့နိုင်ငံရဲ့အသဲနှလုံး Key Player လိုလဲ ဖြစ်နေတဲ့ အမေစုကို ကိုင်ထားပြီးတော့ လိုအပ်ရင် လိုအပ်တဲ့အခါမှာ ကစားကွက်တွေ ဖန်တီးဖို့ လုပ်တာမျိုးတွေ။ ကျွန်တော်တို့ ပြည်သူတွေ ရှေ့မှာကြုံလာရနိုင်မဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်တွေပေါ့နော့ ဆိုးဆိုးရွားရွား ရှိလာနိုင်တယ် ဒီရှစ်လပိုင်းအကုန် ကိုးလပိုင်းပေါ့" ဟု စသဖြင့် ဗိုလ်နဂါးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=nsW6_6sxthI[/embedyt] လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ယခုရက်ပိုင်း သတင်းမျိုးစုံထွက်ရှိနေရာတွင်…
Read More
KNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦး ဒဏ်ရာရ 

KNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦး ဒဏ်ရာရ 

RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် K.N.L.A တပ်ရင်း (၉) လက်အောက်ခံတပ်ဖွဲ့တို့ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက် ၂၆ ရက်နေ့တို့တွင် ရေတွင်းကုန်းကျေးရွာ သင်္ချိုင်းကုန်း၊ နံဇကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေရှင်းလင်းစဉ် G3-၁လက်၊ ကျည်ဆံ(၂၀၀)တောင့်၊ 60mm-၁လုံး၊ MA1-၁လက်၊ MA2-၂လက်၊ MA3-၂လက်၊ MA5-၁လက်၊ ကျည်ဘောက် (၁၃)ဘောက်၊ G4-၁လက်၊G4ကျည် -၅၀တောင့်၊ ကျည်အိမ် (၄)…
Read More
ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

RNA_ဖားကန့်၊ ဇူလိုင်လ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာနှင့်ဆွတ်အောင်ကျေးရွာကြား မြန်မာစည်သူ ကုမ္ပဏီဝန်းဟောင်းနေရာ၌ အသက် (၂၀) ဝန်းကျင်အရွယ် လူငယ် ခြောက်ဦးက သေနတ်အတိုနှစ်လက်ဖြင့် လမ်းသွားလမ်းလာများအား မြေပြင်တွင်ဝပ်ခိုင်းကာ ပစ္စည်းလုယူ ဓါးပြတိုက်မှု ယမန်နေ့ မနက် (၉)နာရီက ဖြစ်ပွားခဲ့သည်။ ကနဦးတွင် လူငယ် (၆) ဦးက အဆိုပါနေရာအနီးရှိ မူးယစ်ဆေးဝါးသုံးစွဲကြရာတဲများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မူးယစ်ဆေးသမားများကို ရိုက်နှက်ပြီးမှ လမ်းသွားလမ်းလာများကို ဓါးပြတိုက်ခြင်းဖြစ်ကြောင်း အခြေအနေအသေးစိတ်ကို သွားရောက်စစ်ဆေးခဲ့သည့် မမုံကျေးရွာမှ ရပ်မိ/ရပ်ဖ တစ်ဦးက ပြောသည်။ ဖြစ်စဉ်အနီးနားရှိ အိမ်ပေါ်မှ ဒေါ်ကုလားမအား လမ်းပေါ်ဆွဲချကာ နားကပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်နှင့် ဖြတ်သွားဖြတ်လာ ရေမဆေးသမား…
Read More
NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင် ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခံရ

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင် ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခံရ

RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီမှ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၃၈ နှစ် ချမှတ်ထားကြောင်း သိရသည်။ မြောင်းမြထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကိုဝေလင်းအောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ပုဒ်မ ၅၀ ညဖြင့် CDM ထောက်ပံ့သည့်အတွက် မြောင်းမြအကျဉ်းထောင် သီးသန့်တရားရုံးက ထောင်ဒဏ် (၁၀) နှစ်၊ ဧပြီလ ၄ ရက်နေ့က ၅၀၅ က ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က…
Read More