News

နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။ ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။ (more…)
Read More
မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာစစ်အာဏာရှင်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများနှင့် အလုပ်သမားများအတွက် ရည်ရွယ်ပြီး ထမင်းတနပ် ၁၅ ဘတ်ဖြင့် အလှူပြုလုပ် ရောင်းချနေသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။ [embedyt] https://www.youtube.com/watch?v=N7qklhbB-7Q[/embedyt] တပတ်ကို ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ထမင်းတနပ် ၁၅ ဘတ် Facebook Page = https://www.facebook.com/profile.php?id=100095368187674 တွင် မှာယူနိုင်ကြောင်း၊ အလှူရှင်တို့ရှိပါက ထမင်းတနပ် ၁၅ ဘတ်ကို မတက်နိုင်ပါက အိမ်အရောက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။ Red News Agency
Read More
ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

RNA_ဩဂုတ်(၂၂)၊၂၀၂၃ ခုနှစ်။ အဖွဲ့အစည်းအတွင်း တပ်ရင်းမှူး တဦးက ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ ဖမ်းဆီးမည်အထိ လုပ်ဆောင်သည့် သစ္စာဖောက် ခံခဲ့ရသည်ဟု ဗိုလ်နဂါးက ယမန့်နေ့ညက ပြုလုပ်သည့် Facebook Live တွင် ထည့်သွင်းပြောကြားသွားသည်။ [embedyt] https://www.youtube.com/watch?v=b-kr8lqDjI8[/embedyt] NUG-MOD နှင့် ဆက်ဆံရေးကောင်းရှိနေပြီး တပ်ရင်းမှူးတဦးက ဒုစစ်ဦးစီးချုပ်အထိတောင်းသည်ကို မပေးသည့်အတွက် ဒေသတွင်းအဖွဲ့တချို့နှင့်ပေါင်းကာ သစ္စာဖောက်ခံခဲ့ရကြောင်း၊ သစ္စာဖောက်သွားသည့် ရင်းမှူးကို ထုတ်ပယ်လိုက်ပြီ စသည့် အဖွဲ့အစည်းတွင်းအခြေအနေများကို ပြောကြာားထားသည်။ Red News Agency
Read More
သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။   မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးထိ KNU/KNLA၊ KRF၊ ABSDF၊ ဝံပုလွေနက်စစ်ကြောင်း၊ ကျိုက်ထို ပကဖ၊ Kawa PDF နှင့် တော်လှန်ရေးရဲဘော်များက ဩဂုတ်လ (၁၈)၊ နံနက် (၇)နာရီမှ (၁၁) နာရီအထိ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။   သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီတိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့၌ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေး‌ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ လမ်းသွားလမ်းလာ ပြည်သူများက စစ်ဆေးမှုများကို တက်ကြွပျော်ရွှင်စွာ ပူးပေါင်းပါဝင်ပေးခဲ့ပြီး အစားအသောက်ပစ္စည်း အများအပြား လှူဒါန်းပေးခဲ့ကြသည့်အတွက် ပူးပေါင်းပါဝင်ပေးကြသော မိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိပါသည်ဟု Kawa PDF ကထုတ်ပြန်ထားသည်။ [embedyt]…
Read More
ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

RNA_ဩဂုတ်(၁၉)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် (၇၀) ဝန်းကျင်သေဆုံးသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။ " သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက်…
Read More
လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ်ရေ ၃၀၀ ကျော်နှင့်လေယာဉ်ပစ်ကူများယူကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် အကျအဆုံးများကြောင်း သိရသည်။ KNLA နှင့် ပူးပေါင်းမဟာမိတ်များ စစ်ကောင်စီတပ် လက်ခတ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရရှိရေး ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစတင်ကာ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်ဒါဘောဦးဆောင်သည့် Cobra Column - ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။…
Read More
နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။   နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲနှင့်အတူ ၃ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်မှာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး​၊ လက်နက်ခဲယမ်းတချို့ရရှိခဲ့သည့်အကြောင်းကို တင်ဆက်ထားခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=qLfnVDg1dtw[/embedyt]   #RedNewsAgency
Read More
ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

RNA_ဖားကန့် ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ဩဂုတ်လ (၁၃) ရက်နေ့က ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ရေကန်နံဘေး ကျောက်ကျင်းတူးနေသူများ ရေကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ရမှုအတွက် စစ်ကောင်စီက ဝတ်ကျေတန်းကျေသာ ဆောင်ရွက်သည်ကို တွေ့ရသည်။ အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် မြေပြိုဖြစ်စဉ်အတွင်းလာရောက်ပြီး တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးခြင်းမရှိ၊ အသုဘ သင်္ဂြိုလ်စရိတ်ကပါ မိသားစုကိုယ်တိုင် ကျခံခဲ့ရပြီးမှ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ တက်လာချိန်မှကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြိုပြီး ရေကန်အတွင်းနစ်မြှုပ်သေဆုံးရသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင်ငွေကျပ်ဆယ်သိန်းနှုန်း ထောက်ပံ့မည်ဟုပြောဆိုကြောင်း သိရသည်။ (more…)
Read More
ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၃၇ ဦးထဲက သေဆုံးရုပ်အလောင်း ၂၅ လောင်း ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=xL4nCKRocuY[/embedyt] ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများအပါအဝင် ကုမ္ပဏီဝန်ထမ်းတချို့နှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်‌ကြောင်း၊ ဆယ်ယူရသည့် အလောင်း (၂၅) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။ (more…)
Read More
ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသည့် ၃၇ ဦးထဲက ၁၇ ဦး၏ ရုပ်အလောင်းများကို ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=Md0mBD_l4H4[/embedyt]   ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများနဲ့ ကုမ္ပဏီဝန်ထမ်း ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်ကာ ဆယ်ယူရသည့် အလောင်း (၁၇) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။   #RedNewsAgency
Read More