ထိုင်းနိုင်ငံ

လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများ၊ CDM အမျိုးသမီးလေးများစသည့် အမျိုးသမီးများ စုဖွဲ့ထားသော Resilient Women's Creative Network အဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံအရောင်းပြပွဲမှ ရောင်းရသမျှငွေအားလုံးကို မြန်မာနိုင်ငံအတွင်းက ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။  Resilient Women's Creative Network အဖွဲ့ဝင်များ၏ လက်မှုပစ္စည်းထုတ်ကုန်များကို Blue Pond Cafe မှာလည်း ဝယ်ယူရရှိသလို ယနေ့ (ဧပြီလ ၁ ရက်) ညနေပိုင်းတွင်လည်း Memories of Maesot မှာပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ရောင်းချမှုများကို မဲဆောက်ရှိ မြန်မာအများစုရှိသော နေရာများတွင် (၃) ရက်တိုင်ပြုလုပ်သွားမည်ဟု မဇာလီက ပြောပြထားသည်။ #RedNewsAgecny #RNA…
Read More
ထိုင်းလွှတ်တော်တွင် စစ်ဘေးရှောင်အရေးအပါအဝင် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေ

ထိုင်းလွှတ်တော်တွင် စစ်ဘေးရှောင်အရေးအပါအဝင် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေ

RNA_မတ်(၂၃)၊၂၀၂၅ခုနှစ်။ ထိုင်နိုင်ငံ၊ ဘန်ကောက်မြိို့၊ ထိုင်းလွှတ်တော်တွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ လုံခြုံရေးအခြေအနေ၊ စစ်ဘေးရှောင်အခြေအနေများနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ထိုင်းအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။ ယနေ့ (မတ်လ ၂၃ ရက်) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး(Tom Andrews) က ပါဝင်ဆွေးနွေးကြောင်း၊ ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့ (၂ရက်တာ) ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေများကို ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)မှ မော်သဲမြာ၊ Human Right Advocate မှ ဒေါ်ခင်ဥမ္မာ၊ The Salween institute for public policy…
Read More
အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

RNA_ဧပြီ(၂၁)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံများနှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစပြီး အပစ်ရပ်နေသော်လည်း မြဝတီဘက်ခြမ်းရှိ စစ်ဘေးရှေင်များမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။ "အခုမနက် မဲဆောက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေသွားလှူကြတာ တော်တော်များတယ်။ မြဝတီဘက်ခြမ်းက သူတွေအတွက် ၁၂ ဂိတ်ဘက်မှာပေါ့ သူတို့ ထမင်းထုပ်တောင် နေ့လည်စာ မလောက်ဘူး ညစာတော့ ဘယ်လို လုပ်မလဲမသိဘူး။ ကမ်းနားဘက်မှာ ကပ်နေကြရတာတွေ့တယ်” ဟု စစ်ဘေးရှောင်များကို သွားလှူသူတဦးက ပြောသည်။ မြဝတီအပစ်ရပ်နေပြီဖြစ်သည့်အတွက် မဲဆောက်ဘက်ခြမ်းရောက် ထိုင်းအစိုးရမှလက်ခံထားသူများ ပြန်လွှတ်နေပြီဟု ကြားသိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်များထံ သတင်းသွားယူခွင့်ကို ထိုင်းစစ်တပ်လက်အောက်ခံများက သွားခွင့်မပြုကြောင်း၊ တံတား (၂) ဘက်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည်။…
Read More
နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

RNA_ဇန်နဝါရီ(၃)၊၂၀၂၄ခုနှစ်။   စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတာဝန်များကို မရပ်မနား လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂ မိနစ်ခန့်က နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ)  Flexx ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ယနေ့ ( ဇန်နဝါရီလ ၃ ရက်)တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။   ရဲဘော် ကောင်းမင်းသန့် (ခ) Flexx သည် GSC အဖွဲ့ဝင် သပိတ်ကော်မတီ PBYSC ရဲဘော်တဦးဖြစ်ကြောင်း၊၂၀၂၁ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုတွင်…
Read More
မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

မောင်လူအေး(လှည်းတန်း)၊RNA_ဒီဇင်ဘာ(၄)၊၂၀၂၃ခုနှစ်။ မြန်မာနိုင်ငံမှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာပါက လက်ခံရန် စစ်ရှောင်စခန်းများ ဖွင့်လှစ်တည်ဆောက်ထားဖို့ အသင့်စီစဉ်ထားသည်ဟု ထိုင်းအစိုးရ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ဒီဇင်ဘာ ၃ ရက်နေ့က ပြောကြားထားသည်။ "ဒီဇင်ဘာ ၄ ရက်မှာ ပြည်တွင်းအစည်းအဝေး ကျင်းပပါမယ်၊ မြန်မာစစ်ရှောင်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချပါမယ်၊ မြန်မာအရေးနဲ့ပတ်သက် လို့ အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးတည်ဆောက်ကြဖို့ နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့အတွက် ဘယ်လိုကူညီရမလဲဆိုတာ ဆွေးနွေးမှာပါ" ဟု ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ပြောသည်။ (more…)
Read More
ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

မောင်လူအေး(လှည်းတန်း)/အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ပါလက်စတိုင်းများကိုထောက်ခံသည့် ထိုင်းနိုင်ငံရှိ ရာချီသည့် မွတ်စလင်လူထုက ဘန်ကောက်ရှိ အစ္စရေးသံရုံးရှေ့မှာ စုဝေးကြပြီး  အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းစေဖို့နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ယနေ့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သည်။ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲကို ထိုင်းနိုင်ငံရှိ ရှီးယားမွတ်စလင်အဖွဲ့ခွဲခေါင်းဆောင် Syed Sulaiman Husaini က ဦးဆောင်ပြီး ဂါဇာကမ်းမြောင်မှာ အစွန်းရောက်လူမျိုးရေးခွဲခြားမှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြသည်။ (more…)
Read More
မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာစစ်အာဏာရှင်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများနှင့် အလုပ်သမားများအတွက် ရည်ရွယ်ပြီး ထမင်းတနပ် ၁၅ ဘတ်ဖြင့် အလှူပြုလုပ် ရောင်းချနေသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။ တပတ်ကို ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ထမင်းတနပ် ၁၅ ဘတ် Facebook Page = https://www.facebook.com/profile.php?id=100095368187674 တွင် မှာယူနိုင်ကြောင်း၊ အလှူရှင်တို့ရှိပါက ထမင်းတနပ် ၁၅ ဘတ်ကို မတက်နိုင်ပါက အိမ်အရောက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။ Red News Agency
Read More
ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။   ထိုင်းနိုင်ငံတွင် လူထုကတင်မြှောက်လိုက်သည့် အစိုးရအပြောင်းအလဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ရွေ့ပြောင်းလုပ်သားများအရေးနှင့် နိုင်ငံရေးခိုလှုံသူများအရေး အထောက်အကူဖြစ်နိုင်သည်ဟု မျှောင်လင့်ထားကြောင်း မြန်မာဒီမိုကရေစီရေးတွင် ထဲထဲဝင်ဝင်ပါဝင်နေသူများထံမှ သိရသည်။   ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည့် ထိုင်းနိုင်ငံ၏ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် Move forward Party ( พรรคก้าวไกล )က လွှတ်တော်ကိုယ်စားလှယ်အများဆုံး ရွေးကောက်တင်မြှောက်ခံထားရပြီး အခြားမဟာမိတ်များနှင့် ပူးပေါင်းက ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲအနိုင်ငံ Move forward Party ( พรรคก้าวไกล )သည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ၏ လုပ်ရပ်များကို လက်မခံနိုင်သည့် ပါတီဖြစ်ကြောင်း…
Read More
ဘန်ကောက်နှင့် မဲဆောက်ရှိ UNHCR ရုံး ဆန္ဒပြခံရ

ဘန်ကောက်နှင့် မဲဆောက်ရှိ UNHCR ရုံး ဆန္ဒပြခံရ

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။ မြန်မာဒုက္ခသည်အရေး ဖြေရှင်းပေးရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့်မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး - UNHCR ရုံးတို့ကို ယနေ့ နံနက်ပိုင်းက Maesot Refugee Voice အဖွဲ့ဝင်တချို့က ဆန္ဒပြခဲ့ကြောင်း သိရသည်။ "UNHCR က အခု ထိုင်းမှာ ဒုက္ခသည်အရေး မလုပ်ဘူးလို့တော့ ပြောမရဘူး လုပ်နေပါတယ် ဒါပေမဲ့ နာမည်ကြီးမှ ဆယ်လီဖြစ်မှ အရေးပေါ်ဖြစ်မှဆိုတာမျိုးကို ခွဲခြားလုပ်နေတာပါ။ CDM တွေ ပုံနေတာပဲ အခြား စစ်ဘေးရှောင်တွေလည်း အများကြီး၊ သွားရမယ်ဆိုပြီး ဟိုတယ်မှာ နေတဲ့သူတွေလည်း ရှိကြတယ်ရှင့်။ အဓိက လုပ်တာနှေးနေတာရယ် လူတွေကို တကယ်ဟုတ်မဟုတ် ရွေးတယ်ဆိုတာထက် နာမကြီးမှ အဖွဲ့အစည်းတချို့က ထောက်ခံမှ…
Read More
မဲဆောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

မဲဆောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၃ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အကြမ်းဖက်အာဏာသိမ်းသည့် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့် ( ဖေဖော်ဝါရီ ၁ ရက်) နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့တနေရာတွင် CDM နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ #RedNewsAgency
Read More