သတင်း

တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

RNA_မေ(၉)၊၂၀၂၃ ခုနှစ်။ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာတွင် မေလ (၈) ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခြံပည်သု့ကာကွယ်ရေး မဟာမိတ်များ တိုက်ပွဲဖြစ်ပွားမှု အတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစုအထူး ကွန်မန်ဒို တပ်စုမှူး ရဲဘော် ချာစ်ဘိုနီဖဲဘူး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ "ရဲဘော်ချာစ်ဘိုနီ ဖဲဘူး သည် စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် ကျွန်ုပ်တို့ KNDF B/08 မှ အာဇာနည်သူရဲကောင်းအဖြစ် အစဉ်အမြဲမှတ်တမ်း တင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်" ဟု KNDF B/08 ကထုတ်ပြန်ထားသည်။ (more…)
Read More
ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

RNA_မေ(၉)၊ ၂၀၂၃ ခုနှစ်။   ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူတပ်ခွဲ (၁) စခန်းတခုကို စစ်ကောင်စီတပ်လေကြောင်းမှ မေလ ၈ ရက်နေ့ညပိုင်းက လေယာဉ်ဖြင့် ဗုံးလာကြဲသည့်အတွက် စခန်းမှ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုပစ်ခတ်မှုအတွင်း ကျားဖြူတပ်ခွဲ (၁) မ PDF ရဲဘော် ဇွဲမာန်လင်း(ခ) စနေ၊ ရဲ​ဘော် ​ထွန်းလင်းအောင် (ခ)မြကြီး၊ ရဲမေ မခင်သန္တာဆွေ(ခ)မမြင့်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

ကျောက်ရစ်ရဲစခန်းသွားသော စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ   RNA_မေ(၇)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေတစ်ချောင်းရွာမှ ကျောက်ရစ်ရဲစခန်းသို့ တက်သွားသော စစ်ကောင်စီတပ်စစ်ကြောင်းကို မေလ (၆) ရက်နေ့ ညနေ (၄) ရီဝန်းကျင်က Myingyan Black Tiger(MBT) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု (၁) နာရီဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။   "မိမိတို့ MBT အဖွဲ့က ခွေးစစ်ကြောင်း ချီလာရာ အနီးဆုံး သနပ်ကုန်းတံတားဆီအထိ ကပ်ပြီး အနီးကပ် စပစ်ခဲ့ရာ မဟာမိတ်အဖွဲ့များမှ 60mm များ လက်နက်ငယ်များဖြင့် ကာပစ်ပစ်ပေးခဲ့သဖြင့် ခွေးစစ်ကြောင်းအထိနာသွားသည်"…
Read More
စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလက်အပါအဝင် (၃) ဦးသေဆုံး

စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလက်အပါအဝင် (၃) ဦးသေဆုံး

RNA_မေ(၆)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF မတူပီရဲဘော်များ မေလ (၅) ရက်နေ့ ညနေ (၄) နာရီ ဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်အပါအဝင် (၃) ဦးသေဆုံးသွားကြောင်း မတူပီ CDF (Chinland Defense Force- Matupi) က ထုတ်ပြန်ထားသည်။   အထူးစစ်ဆင်ရေးအဖြစ် မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းလတ်နှင့် ဗိုလ်မှူးတဦး၊ ဗျူဟာမှူးယာဉ်မောင်း တပ်သားတဦး တို့သေဆုံးခဲ့ပြီး MA 3 တစ်လက်…
Read More
ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။   ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။ (more…)
Read More
ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF သည် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်အံတုပြီး နိုင်ပွဲတွေဆက် အောင်ပွဲတွေ ခံနေပြီဖြစ်သည့်အတွက် များမကြာမီကာလအတွင်း ပြည်တော်ဝင် စစ်ချီပြီး အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါစို့ဟု ယနေ့ ကျရောက်သည့် PDF (၂) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - People Defense Force- PDF ဖွဲ့စည်းထူးထောင်ခြင်းသည် ယနေ့ (၂) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကပါဝင်နေသည်ဟု စသဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။…
Read More
ရေစကြိုမြို့ပေါ် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ပစ်ခတ်

ရေစကြိုမြို့ပေါ် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ပစ်ခတ်

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံများကို မေလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်က Myingyan Black Tiger (MBT) ရဲဘော် (၂) ဦး သွားရောက်ကာ ပစ်ခတ်ခဲ့သည်။ #RedNewsAgency
Read More
ဖားကန့်၌ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့

ဖားကန့်၌ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့

RNA_ဖားကန့် မေလ ၅ရက်၊ ၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာ အဝင်နှင့်မျောက်ဖြူကျေးရွာသွား လမ်းခွဲနေရာတွင် လူလတ်ပိုင်းအမျိုးသား (၂) ဦးအား သေနတ်ဖြင့်တေ့ပစ်ခံထားသည့် သေဆုံးရုပ်အလောင်းအား ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။   ယနေ့ နံနက် သေဆုံးနေသည့် ရုပ်အလောင်းများသည် မည်သူဖြစ်ကြောင်း မသိရှိရသေးကြောင်း၊ သေဆုံးသူ နှစ်ဦးမှ တဦးသည် ဦးခေါင်းကိုတေ့ပစ်ခံထားရခြင်းဖြစ်ကြောင်း၊ ယခု သေဆုံးသူများကို စစ်ကောင်စီတပ်သတ်ဖြတ်သည်ဟု အတည်မပြုနိုင်သေးသော်လည်း ဧပြီလ (၂၄)ရက်နေ့ နံနက်က စစ်ကောင်စီမှ ဗိုလ်မှူး ‌အသတ်ခံရသည့် Happy KTV အဝင်လမ်းရှေ့တွင် ဖမ်းဆီးထားသည့် အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်မှ လမ်းပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်။…
Read More
ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF -ကျောင်းသားတပ်မတော်) စစ်ဒေသ ( ၁ ) ၊ စစ်ကြောင်း (၃) ရဲဘော်များသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ Local PDFများ ၊ ပ.က.ဖ များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း သိရသည်။ ABSDF စစ်ကြောင်း ၃၊ ယောဒေသတွင် အခြေစိုက်ထားသည့် အမှတ် ( ၁၂ )တပ်ရင်းနှင့် ချင်းတွင်းဒေသတပ်ရင်းတို့သည် ၂၀၂၃ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများဖြင့်…
Read More
KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း - ဖယ်ခုံမြို့နယ်တို့တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNDF နှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံးကာ (၃) ဦးအရှင်းဖမ်းမိကြောင်း KNDF ကယနေ့ ထုတ်ပြန်ထားသည်။ ဧပြီလအတွင်း တိုက်ပွဲပေါင်း (၅၀) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ KNDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးအပါအဝင် လေယာဉ်ဗုံးကြဲပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၈) ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ (more…)
Read More