Tag: တအာင်းဒေသ

  • PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်းဆင်းပွဲကျင်းပ

    PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်းဆင်းပွဲကျင်းပ

    RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။

    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA၏ အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training – TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို တအာင်းပြည်တစ်နေရာတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

    “ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး မိဘပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် မိမိတို့အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း” PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားထားသည်။

    (more…)

  • စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း တအာင်းဒေသတွင် ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရ

    စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း တအာင်းဒေသတွင် ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရ

    RNA_အောက်တိုဘာ(၁)၊၂၀၂၄ခုနှစ်။

    ရှမ်းမြောက်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် စသည့် တအာင်းဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင် ဘာလအတွင်း ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄၇ လုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

    သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄) သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်လအတွင်း တအာင်းဒေသရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

    #RedNewsAgency #RNA