တအာင်းဒေသ

စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း တအာင်းဒေသတွင် ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရ

စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း တအာင်းဒေသတွင် ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရ

RNA_အောက်တိုဘာ(၁)၊၂၀၂၄ခုနှစ်။ ရှမ်းမြောက်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် စသည့် တအာင်းဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင် ဘာလအတွင်း ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄၇ လုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄) သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်လအတွင်း တအာင်းဒေသရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။ #RedNewsAgency #RNA
Read More