RNA_အောက်တိုဘာ(၁)၊၂၀၂၄ခုနှစ်။
ရှမ်းမြောက်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် စသည့် တအာင်းဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင် ဘာလအတွင်း ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄၇ လုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၄) သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်လအတွင်း တအာင်းဒေသရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။
#RedNewsAgency #RNA