တိုက်ပွဲဖြစ်ပွါးချိန် (၁) နာရီကျော်အတွင်း စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံး

RNA_အောက်တိုဘာ(၃)၊၂၀၂၄ ခုနှစ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံသို့ ဝိုင်းကျေးရွာ ရဲစခန်းမှ တက်လာသည့် အင်အား (၄၀) ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ယနေ့ နံနက် (၉) နာရီခန့်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ စောင့်ကြိုတိုက်ခိုက်ခဲ့သည့် (၁) နာရီကျော် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းအားလက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ၁နာရီကျော် ကြာမြင့်ကာ စကစဘက်မှ (၁၂)ဦးကျော် သေဆုံးခဲ့ပြီး၊ နယ်မြေရှင်းလက်းစဉ် ၆၀မမ(BA-100) ၁လက်၊ MA-1 ၁လက်၊ G-3 ၂လက်၊ အီနာဂါ ၁လုံး၊ ၆၀ မမ ကျည်၁လုံး၊ G-3 ကျည် ၁၈၁တောင့်၊ ၅.၅၆ ကျည် ၁၃တောင့်၊ မိုလ်ဘိုင်းဖုန်း ၅ လုံးနှင့် အခြား စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

#RedNewsAgency #RNA

By Editor