လုံးခင်းကျေးရွာ

ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။ "လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ်…
Read More
လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

ဖားကန့် အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ည (၉)နာရီ ကျော်ခန့်က လုံခြုံရေးတင်းကြပ်ထားသည့် နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်အတွင်း ‌အမြင့်ပေ (၇၀) ခန့်တွင်ရှိသည့် ခေါင်းပေါင်းမြေစာအား ဖယ်ရှားရာမှ မြေပြိုပြီး အောက်တွင်ရေမဆေးကျောက်ရှာနေသည့် ပြည်သူတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြေပြိုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာသူ လှကျော်စံ (၁၈)နှစ် သေဆုံးပြီး မှော်ပုံကျေးရွာနေသူ ကိုစိုးမိုးနှင့် ဆန်ခါကျေးရွာနေသူ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကနဦး သိရသည်။ မြေပြိုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံတစ်ဦးက "သေဆုံးသူက ဒီထက်များနိုင်တယ်ဗျ၊ သတင်းဖုံးချင်တာဖြစ်မယ်၊ ရေမဆေးကလည်း နေရာတိုင်းရှာခွင့်မပြုဘူးဗျ၊…
Read More
လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာ ရွှေဆိုင် ဓါးပြတိုက်ခံရမှု ယနေ့နေ့ခင်း ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးခန့် ပါသွားကြောင်း သိရသည်။ "လူလေးယောက်လာတယ်၊ အသက်က (၂၇)၊ (၂၈) အရွယ်တွေ၊ Mask တပ်ထားတယ် ဦးထုပ်ဆောင်းထားတယ် သေနတ်ပါတယ်ဗျ။ ဆိုင်ထဲတန်းဝင်လာပြီး အကုန် ကလစ်ကြိုးနဲ့လက်ပြန်ကြိုးချည်ပြီး ထိုင်ခိုင်းထားတယ်၊ မှန်ကိုရိုက်ခွဲပြီး ယူသွားတာပါ"ဟု ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။ "ရွှေသားက တစ်ပိဿာလောက်ရှိတယ်၊ ကျောက်လက်ဝတ်ရတနာ အချောထည်ကလည်း သိန်းသုံးထောင်ဖိုးလောက်ရှိတယ်၊ ရွှေနဲ့ကျောက်ပေါင်းရင် ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးလောက်ပါသွားတာ"ဟု ရွှေဆိုင်ပိုင်ရှင်က ပြောသည်။ (more…)
Read More