ULFစစ်ကြောင်း

စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၁) ဦးသေဆုံးပြီး (၄၂) ဦးအရှင်ဖမ်းဆီးခံရ

စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၁) ဦးသေဆုံးပြီး (၄၂) ဦးအရှင်ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၂)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာအထိုင်ရဲစခန်းမှ ထွက်လာသော အင်အား(၉၀)ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၃၁) ဦးသေဆုံးပြီး (၄၂) ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ "စစ်ကောင်စီတပ်ဖွဲဝင် ရုပ်အလောင်း (၃၁) လောင်း နှင့် စစ်သုံ့ပန်း (၄၂) ဉီး တို့ကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး မိမိတို့မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်(၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏စစ်ကြောင်းတခုလုံးနီးပါးကို ဖျက်စီး တိုက်ခိုက်နိုင်ခဲ့ပါသည်" ဟု ULF စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More