News

မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၃ခုနှစ်။ မြန်မာတပ့်မတော်၏ "ငါမသေငါ့စခန်းမကျစေရ" ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ" ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ" ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။ မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း၊ “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစုတွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။ (more…)
Read More
နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း…
Read More
အင်းစိန်ထောင်တွင်းမှ အဓမ္မခေါ်ထုတ်သွားသည့် အကျဉ်းသားများ စစ်မှုမထမ်းသည့်အတွက် ထောင်တွင်းပြန်ပို့

အင်းစိန်ထောင်တွင်းမှ အဓမ္မခေါ်ထုတ်သွားသည့် အကျဉ်းသားများ စစ်မှုမထမ်းသည့်အတွက် ထောင်တွင်းပြန်ပို့

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ စစ်တပ်တွင် တာဝန်ပြန်ထမ်းဆောင်လိုသော ခွင့်မဲ့ စစ်ပြေးများကို ပြန်လည်ခေါ်ဆောင်သည့် အမိန့်စာထုတ်ပြီးနောက် အင်းစိန်ထောင်အတွင်းမှ စစ်ပြေးနှင့်ရဲပြေးစသည့် ၃၀၀ ခန့်ကို စစ်မှုမထမ်းသည့်အတွက် ယမန်နေ့က အင်းစီန်ထောင်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။ "စစ်မတိုက်နိုင်ဘူး ကျသင့်သလောက်ခံသွားမယ် ကျတော်တို့ကိုထောင်ထဲ ပြန်ပို့ ပေးပါ” ဟု အင်းစိန်ထောင်တွင်းမှ ခေါ်ထုတ်သွားခံရသူများက ပြောကြကြောင်း၊ " မင်းတို့ကလည်း လွတ်ငြိမ်းပေးတာတောင် မထွက်ချင်ဘူး” ဟုလည်း စစ်ကောင်စီလက်အောက်ခံများက ပြောနေကြကြောင်း အင်းစိန်ထောင်အတွင်း ပြောဆိုနေကြကြောင်း သိရသည်။ အင်းစိန်ထောင်မှ အကျဉ်းသားများကို ဒီဇင်ဘာလ (၇) ရက်နေ့က အဓမ္မခေါ်ဆောင်ပြီး စစ်မှုထမ်းပါက လွတ်ငြိမ်းချမ်းသာပေးမည်ဟု စစ်ကောင်စီလက်အောက်ခံများတိုက်တွန်းခဲ့ပေမဲ့ စစ်မှူမထမ်းလိုကြောာင်းနှင့် ထောင်ကျသည့်နှစ်အတိုင်း ထောု်တွင်နေမည်ဟု ပြောဆိုခဲ့ကြသည့်အတွက် ထောင်အတွင်း ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု…
Read More
ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။   ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column - တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။   ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=KTCAH2BSZUA[/embedyt] ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇…
Read More
ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် KNLA ပူးပေါင်းစစ်‌ကြောင်း ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် စတင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီီး နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းအား ယနေ့ နံနက် ၄ နာရီ ၁၅ အချိန်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၅ နာရီတွင် စခန်််််းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းတွင်းရှိ စစ်ကောင်စီအင်အား ၆၀ ခန့်မှ ၃၀ ခန့်သေဆုံးကြောင်း Royal Peacock…
Read More
ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။  စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိင်ငံရေး ရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည်သွားမည့်သူများမဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အသိပေးထားသည်။  “လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။  ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို…
Read More
မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

မောင်လူအေး(လှည်းတန်း)_RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၃ခုနှစ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား သီတင်းတစ်ပတ်အကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်မှာ ပဋိပက္ခများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရေ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးအား ရက္ခိုင့်တပ်တော် -AA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ဖြစ်ဖြစ်ကြောင်း၊ "နှုံးဘူး" ဗျူဟာမှူးအလောင်းပါ သိမ်းဆည်းရမိဟု ယနေ့ AA က ထုတ်ပြန်လိုက်သည်။ AA မှ တစ်ရက်မျှ ရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် စစ်ကောင်စီမှ အပြင်းအထန် ခုခံခဲ့သော်လည်း ဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ "နှုံးဘူး" ဗျူဟာမှူးအလောင်းအပါအဝင် ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ရှေ့ဆင့်နောက်ဆင့်…
Read More
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကိုယ်စားလှယ်နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကိုယ်စားလှယ်နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။ မြောက်ပိုင်းညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNAA၊ AA တို့၏ ကိုယ်စားလှယ်အဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ အကူအညီဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ဖက် ကိုယ်စားလှယ်များ နိုင်ငံရေးအရ ဖြေရှင်းနိုက်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ တွေ့ဆုံဆွေးနွေးမှု တိုးတက်မှုအခြေအနေအပေါ်မူတည်ပြီး ယခုလကုန်တွင်လည်း ထပ်မံဆွေးနွေးရန်ရှိကြောင်း စစ်ကောင်စီဘက်မှ ဇော်မင်းထွန်းက ပြောကြားထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ်များ ဦးဆောက်အကောင်အထည်ဖော်နေသည့် ၁၀၂၇ စစ်ဆင်ရေးသည် အဆုံးမသတ်သေးကြောင်း၊ လောက်ကိုင်မြို့သိမ်း တိုက်ပွဲကို ဆက်နွှဲနေကြောင်း၊ ကိုးကန့်ရှိ စစ်ကောင်စီ၏ တပ်စခန်း ရာချီနှင် မြို့များ နယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်များက သိမ်းပိုက်ထားရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့က…
Read More
အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွါးနေသည့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ကျန်းမာရေး အကြပ်အတည်း တုံ့ပြန်ဖြေရှင်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော အထူးအစည်းအဝေးမှာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပါလက်စတိုင်းထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုခဲ့ရာမှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထည့်သွင်းပြောဆိုခဲ့သည်။ "တရုတ်နိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း၊ တည်ငြိမ်မှုရရှိရန်၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးရန်နဲ့ ပြည်သူများအား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပေးအပ်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း၊နိုင်ငံတကာအသိုက်အဝန်း…
Read More