သတင်း

ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။ ‌ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာအဝင်ဆိုင်းဘုတ်အနီး ထွန်းတောက်စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ယနေ့ နံနက်ပိုင်းက ပန်းရံဆရာတဦး ဦးခေါင်းကျော်ခဲတုံးနှင့် ထုသတ်ခံရပြီး ပစ္စည်းများ ယူသွားကြောင်း သိရသည်။ သေဆုံးသူမှာ ပန်းရံဆရာ မောင်ကြံ၊ အသက် (၄၂)နှစ်၊ ဆိုင်းရာရွာသစ်တွင်နေထိုင်သူဟုသိရပြီး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ်လေးသိန်း လုယူခံခဲ့ရကြောင်း သိရသည်။ ဖားကန့်၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု များပြားနေခြင်းနှင့်အတူ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အရေးယူဆောင်ရွက်ပေးမည့် အဖွဲ့အစည်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ #RedNewsAgency
Read More
တိုက်ကတောကျေးရွာကို ရွှေဘိုအခြေစိုက် စစ်ကောင်စီတပ် စစ်ကြောင်းမှ မီးရှို့သွား

တိုက်ကတောကျေးရွာကို ရွှေဘိုအခြေစိုက် စစ်ကောင်စီတပ် စစ်ကြောင်းမှ မီးရှို့သွား

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု၊ တိုက်ကတောကျေးရွာမှ နေအိမ် (၅) လုံးကို ရွှေဘိုမြို့အခြေစိုက် လေ့ကျင့်ရေးတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မေလ (၁၂) ရက်နေ့ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ “စစ်ကြောင်းကတော့ ထွက်သွားပြီး ဆက်သွားတာပေါ့လေ တိုက်ကတောရွာက နေအိမ် ၅ လုံးနဲ့ ဆိုင်ကယ် ၂ စီးကို မီးရှို့သွားတယ်၊ အခြားရွာတွေလည်း ပတ်ဝင်သွားတယ်၊ စစ်ကြောင်းလာတော့ တရွာလုံးထွက်ပြေးနေကြရတာပေါ့ အခုမနက်မှ ရွာကိုပြန်သွားကြည့်ရတာ ဒေသခံတွေက ပြေးနေကြရတုန်း“ ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် နယ်စည်းမခြား ရွှေဘိုသား -LPDF အဖွဲ့ဝင်တဦးက ပြောသည်။ (more…)
Read More
ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

RNA_မေ(၁၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောကာကွယ်ရေးတပ် - YDF (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ရဲဘော်အင်အားအများအပြားဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးမှာ ကျင်းပခဲ့သည့် (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူမှ စစ်ရည်စစ်သွေးပြည့်၀ပြီး စည်းကမ်းကောင်းမွန်၍ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်သော တော်လှန်ရေးရဲဘော်ကောင်းများဖြစ်ရန်၊ တိုင်းရင်းသား တန်းတူအခွင့်ရေးနှင့် အာဏာရှင်စနစ်အပြီးတိုင်ပျက်သုဉ်းသည့်တိုင်အောင် တော်လှန်တိုက်ထုတ်ကြရန်၊ တော်လှန်ရေးရည်မှန်းချက်များနှင့် လက်ရှိ တော်လှန်ရေးအောင်မြင်မှုများအား ရှင်းလင်းပြောကြခဲ့ကြားခဲ့ကြောင်း သိရသည်။ (more…)
Read More
MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

(၁၂)၊၂၀၂၃ ခုနှစ်။ MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ကုန်တွင်းပိုင်းမှ ဝင်ရောက်ဖြတ်ကျော်၍ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ဝန်းကျင်ရှိမည်ဟု မေလ ၁၁ ရက်နေ့ ခန့်မှန်းထားသည့်အတွက် ရခိုင်ပြည်သူများအတွက် ကူညီမှုများ သတိထားရန်နှင့် လိုက်နာရမည့် အချက်များကို ရက္ခိုင့်တပ်တော်-AA မှ ထုတ်ပြန်ထားသည်။ MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး ခန့်မှန်းချက်များအရ ရက္ခိုင်ဒေသတွင်း မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ကာ မုန်တိုင်းဒဏ်ခံလာရဖွယ်ရှိသော ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမြို့များ (မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော)၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်မြို့များ (ကျောက်ဖြူ၊ အမ်းတောင်ပိုင်း၊ ရမ်းဗြဲ၊ စနဲ၊ မာန်အောင်၊ သံတွဲ)၊ သံတွဲခရိုင်တွင်းဟိ မြို့များ…
Read More
အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

RNA_မေ(၁၂)၊၂၀၂၃ခုနှစ်။ ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အာဆီယံလူသားချင်းစာနာမှု အကူညီညှိနှိုင်း ဆောင်ရွက်ရေးဗဟိုဌာန ( AHA -Center) မှ သံတမန်ယာဉ်တန်းကို မေလ (၇) ရက်နေ့က ပစ်ခတ်ခံရမှုသည် စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ခဲဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ- Pa-O National Federal Council ( FNFC) ကယမန်နေ့ကထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်ခံများသည်အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးတော်လှန်ရေးအင်အားစုများပစ်ခတ်သည်ဟုနိုင်ငံတကာမှအထင်လွဲစေရန်၊ဒေသတွင်းတိုင်းရင်းသားစည်းလုံးညီညွတ်စွာရေးကိုအဓိကထားဦးတည်တိုက်ခိုက်ရန်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းနှင့်အကူအညီလိုအပ်နေသည့်ပြည်သူများကိုနိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအကူအညီမရစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ယခုလိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြသည်။ (more…)
Read More
စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ မဟာမိတ်များနှင့် ပူးပေါင်းစစ်ဆင်ရေးကိစ္စ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက YPDF တပ်ခွဲ (၃) ရှိ ရဲဘော်များနှင့် ဥက္ကဌ ရဲဘော်ယောလေးအပါအဝင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များနှင့် အတူ ပူးပေါင်းစစ်ဆင်ရေးအခြေအနေများကို တိုက်ပွဲပြန်ရဲဘော်များမှ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ YPDF ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌရဲဘော်ယောလေး၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်အောင်ကြီး၊ တပ်ရင်းမှူး ရဲဘော်တာရာနဲ့ တာဝန်ရှိသူများကလည်း တပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားခြင်း၊…
Read More
ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လအတွင်း တပ်ရင်းမှူး (၄) ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးပါအဝင် (၁၇၃၆) ဦးသေဆုံးခဲ့ဟု KNU ဗဟိုထုတ်ပြန်

ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လအတွင်း တပ်ရင်းမှူး (၄) ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးပါအဝင် (၁၇၃၆) ဦးသေဆုံးခဲ့ဟု KNU ဗဟိုထုတ်ပြန်

RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။   ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F)တို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဧပြီလအထိ (၄) လအတွင်း တိုက်ပွဲ (၁၆၄၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့်လက်အောက်ခံ တပ်ရင်းမှူး (၄)ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးအပါအဝင် (၁၇၃၆) ဦးသေဆုံးကာ KNLA၊ KNDOနှင့် မဟာမိတ်များတို့မှ (၅၉) ဦးကျဆုံးခဲ့ရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။   ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လတာအတွင်းနှင့် ပတ်သက်ပြီး KNU ဗဟို၏ ထုတ်ပြန်ချက်တွင်…
Read More
နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် (၂) ဦး ခင်ဦး-‌ရေဦး ကားလမ်းပေါ်သို့ ယနေ့ နေ့လည် (၁၂) နာရီ ၄၀ မိနစ် ဝန်းကျင်က နယ်ကျွံလာစဉ် ပ.က.ဖနှင့် ပူးပေါင်းတပ်ဖွဲ့ဆို့ ထိတွေ့ ပစ်ခတ်စဉ် စစ်ကောင်စီလက်အောက်ခံ (၂) ဦး သေဆုံးသွားခဲ့သည်။ ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် (၂) ဦးနှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့ (LDF) များနှင့် ထိတွေ့တိုက်ပွဲ (၃) မိနစ်ခန့်သာကြာပြီး သေဆုံးသွားခဲ့ပြီး၊ ကိုင်ဆောင်ခဲ့သော MA 1- ၁လက်၊ AK…
Read More
အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။   သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။   ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့နှင့် မေလ ၈ နေ့က တွေ့ဆုံးပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့် အရေး ကျူးလွန်ဖောက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်ဒရုန်းကို မဟာမိတ်တပ်ဖွဲမှ ပြစ်ချနိုင်ခဲ့ပြီးသိမ်းဆည်းရမိ

စစ်ကောင်စီတပ်ဒရုန်းကို မဟာမိတ်တပ်ဖွဲမှ ပြစ်ချနိုင်ခဲ့ပြီးသိမ်းဆည်းရမိ

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စေသူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီတပ်မှ လွှင့်တင်လိုက်သည့် ဗုံးတပ်ဒရုန်းကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး-Union Liberation Front နှင့် မဟာမိတ်များ ပစ်ချနိုင်ခဲ့ပြီး ယမန်နေ့က ဒရုန်းနှင့်ဗုံးသီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။   အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အခြေစိုက် အလုံမြို့၊ စစ်ပင်ဆိပ်မှ စစ်ကောင်စီတပ်ကား ၃ စီးဖြင့််လာရောက်ပြီး လွှင့်တင်ခဲ့သော ဒရုန်းနှစ်စီးကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)နှင့် မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ မေလ ၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က Drone Catcher ဖြင့် ပစ်ချခဲ့ရာ တစ်စီးမှာချင်းတွင်းမြစ်အတွင်းပြုတ်ကျခဲ့ပြီး ယင်းဒရုန်းကိုယ်ထည်နှင့်ဗုံးသီးကို ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ (more…)
Read More