DOUNG NI People Defence Force – DNPDF

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို PDF များ အရှင်ဖမ်းဆီး

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို PDF များ အရှင်ဖမ်းဆီး

RNA_ဇူလိုင်(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူရွာစခန်းကုန်းနှင့် ဘိုးနတ်တော် ဗျူဟာစခန်းကုန်းတို့ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်အား အရှင်းဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။ ရွှေဘိုမြို့နယ်၊ ကျောင်းမြောင်းမြို့၊ ဟင်္သာကြီးပျူရွာစခန်းကုန်း၊ ဘိုးနတ်တောင်ဗျူဟာစခန်းတို့ကို တော်လှန်ရေးအင်အားစုများက ဇူလိုင်လ ၅ ရက်နေ့မှစတင်ကာ (၇) ရက်နေ့အထိ ပျူရွာ (၁)၊ ဗျူဟာစခန်းကုန်း (၃) ခုတို့ကို သိမ်းဆည်းရမိသည်ဟု အမှတ် - ၉၇၀၆ တပ်ရင်း (Doung Ni People Defence Force) ကထုတ်ပြန်ထားသည်။ (more…)
Read More
ရှမ်းမန်း စစ်ဆင်ရေးတွင်  ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်မှ ဒုစစ်ရေးတာဝန်ခံ တဦးအပါအဝင် ရဲဘော် (၉) ဦးကျဆုံးခဲ့ရ

ရှမ်းမန်း စစ်ဆင်ရေးတွင်  ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်မှ ဒုစစ်ရေးတာဝန်ခံ တဦးအပါအဝင် ရဲဘော် (၉) ဦးကျဆုံးခဲ့ရ

RNA_အောက်တိုဘာ(၄)၊၂၀၂၄ခုနှစ်။  ၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂) နှင့် ရှမ်းမန်း စစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက်  ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် - DOUNG NI People Defence Force - DNPDF မှ ဒုစစ်ရေးတာဝန်ခံ ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး၊ တပ်စိတ်မှူး ၁ဦး၊ ရဲဘော် (၅) တို့ ကျဆုံးခဲ့ရသည်ဟု ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံ ကိုလင်္ကျာက ပြောသည်။  ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေး PDF နှင့်အတူ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) (၂)၊ မြင်းခြံခရိုင်းတပ်ရင်း (၄)၊ ညောင်ဦးခရိုင်တပ်ရင်း(၃)၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ ဝက်လက်ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်၊ စဉ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊…
Read More