ဖိတ်ခေါ်

PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု စစ်ကောင်စီလေသံပြောင်းလာ

PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု စစ်ကောင်စီလေသံပြောင်းလာ

RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။ အဓမ္မအာဏာသိမ်းပြီးနောက် ပြည်သူများကို ဖမ်းဆီးထောင်ချ သတ်ဖြတ်မှုများအပြင် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီက PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု လေသံပြောင်းလာသည့် ကြေညာချက်ကို စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် သဘောထားပြီး လုပ်ဆောင်ရန် အောက်တိုဘာ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများလက်မခံသည့်အပြင် သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်မခံကြောင်း ထုတ်ပြန်ပြောကြားထားသည်။ (more…)
Read More