ပါတီတည်ထောင်ခြင်း ၃၆ နှစ်မြောက်

အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီအနေဖြင့် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်တည်တံ့ခိုင်မြဲရေး ကိုရှေးရှုလျက် အားလုံးပါဝင်သော အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက်စွဲကိုင်ထားပါသည်ဟု ထုတ်ပြန်ထားသည်။ NLD ပါတီအနေဖြင့် မူလစတင်တည်ထောင်ချိန်မှစပြီး အခြေခံလူ့အခွင့်အရေးများကို အာမခံသည့်စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သောပါတီဖြစ်သည်ဟု ယနေ့ ကျနေရောက်သော ပါတီတည်ထောင်ခြင်း (၃၆) နှစ်ပြည်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More