Tag: သီပေါမြို့နယ်

  • နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့နယ်များအတွင်းမှ တပ်မဆုတ်နိုင်သည့်အတွက် TNLA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲပျက်

    နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့နယ်များအတွင်းမှ တပ်မဆုတ်နိုင်သည့်အတွက် TNLA နှင့် စစ်ကောင်စီ ဆွေးနွေးပွဲပျက်

    RNA_မေ(၂)၊၂၀၂၅ခုနှစ်။

    TNLA တိုက်ခိုက်သိမ်းပိုက်စိုးမိုးထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် ဒေသများမှ တအာင်းတပ်မတော် တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွါရန် စစ်ကောင်စီကိုယ်စားလှယ်တောင်းဆိုသော်လည်း တပ်ဆုတ်ရန်သဘောမတူသည့်အတွက် ဆွေးနွေးပွဲပျက်သွားပြန်ပြီဖြစ်ကြောင်း သိရသည်။

    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ (၂၈)နှင့် (၂၉)ရက်တွင် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်ပြည်၊ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု TNLA က ယနေ့ထုတ်ပြန်လိုက်သည်။

    (more…)

  • သီပေါမြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    သီပေါမြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_အောက်တိုဘာ(၁၆)၊၂၀၂၄ခုနှစ်။

    ရှမ်းမြောက်၊ သီပေါမြို့သိမ်းပိုက်နိုင်ရေး တိုက်ပွဲ (၂) လကျော်ကြာအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဖာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရသည်။


    သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ (၂)လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။

    (more…)

  • သီပေါမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော တပ်မိသားစုဝင် (၁၉၁) ဦးကို PSLF/TNLA ပြန်လွှတ်ပေး

    သီပေါမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော တပ်မိသားစုဝင် (၁၉၁) ဦးကို PSLF/TNLA ပြန်လွှတ်ပေး

    RNA_အောက်တိုဘာ(၁၅)၊၂၀၂၄ ခုနှစ်။

    ရှမ်းမြောက်၊ သီပေါမြို့သိမ်းတိုက်ပွဲအတွင်း သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(၅၀၃) နှင့် (၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုဝင် (၁၉၁) ဦးကို PSLF/TNLA မှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

    သီပေါမြို့ပေါ်တွင် နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား အောက်တိုဘာလ ၁၂ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    (more…)

  • စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း တအာင်းဒေသတွင် ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရ

    စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း တအာင်းဒေသတွင် ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရ

    RNA_အောက်တိုဘာ(၁)၊၂၀၂၄ခုနှစ်။

    ရှမ်းမြောက်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် စသည့် တအာင်းဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင် ဘာလအတွင်း ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄၇ လုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

    သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄) သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်လအတွင်း တအာင်းဒေသရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

    #RedNewsAgency #RNA

  • SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

    SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

    RNA_ဇူလိုင်(၅)၊၂၀၂၄ ခုနှစ်။

    ရှမ်းမြောက်၊ တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ သီပေါမြိုနယ်တွင် 1027 စစ်ဆင်ရေးအပိုင်း(၂)အတွင်း PSLF/TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် သီပေါမြို့နယ် ရေပူရွာအနီးတွင် ယနေ့ နံနက်ပိုင်းက SSPP/SSA ရဲဘော်များ ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ကျဆုံးပြီး ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

    (more…)