နိုင်ငံရေးပြဿနာ

လူထုခေါင်းဆောင်နှင့် ဆွေးနွေးအဖြေရှာနိုင်မှသာပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မည်ဟု NLD ထုတ်ပြန် 

လူထုခေါင်းဆောင်နှင့် ဆွေးနွေးအဖြေရှာနိုင်မှသာပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မည်ဟု NLD ထုတ်ပြန် 

RNA_နိုဝင်ဘာ(၈)၊ ၂၀၂၂ ခုနှစ်။ အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်သည်။ စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့်  ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက် ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ဦး စားပေးဆောင်ရွက်သင့်သော လုပ်ငန်း စဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း NLD ကအလေးအနက်တောင်းဆိုထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်တိုင်းရင်း သား ပြည်သူလူထုကအပ်နှင်းလိုက်သောဆင့်လွှဲ တာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသား အင်အားစုများ ၊မိတ်ဖက်အဖွဲ့အစည်းများ…
Read More