သတင်း

ကျောက်ပတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

ကျောက်ပတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ ကျောက်ပတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF ပူးပေါင်းတပ်မှ ရဲဘော်များ မေလ (၂) ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။   ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြင်းခြံခရိုင်၊ တပ်ရင်း (၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းစီးနင်းမှုအတွင်း ရဲ (၂) ဦးသေဆုံးကာ ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ အင်အား (၁၃) ဦးခန့်သာ ရှိပြီး (၈) ဦး တရားရုံးသွားနေချိန်တွင်…
Read More
ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။   ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ မေလ (၁) ရက် နံနက် (၄) နာရီ (၅၀) မိနစ်မှစတင်ကာ (၂) နာရီကြာမြို့တွင်းစီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။   အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယားစစ်ဒေသ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု Bawlakhe PDFကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
KNU ခေါင်းဆောင်သစ် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရ 

KNU ခေါင်းဆောင်သစ် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရ 

RNA_မေ(၂)၊၂၀၂၃ ခုနှစ်။ ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး -KNU ၏ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ (ကွန်ဂရက်) တွင် ပဒိုစောကွယ်ထူးဝင်းကို KNU ဥက္ကဌအဖြစ် ရွေး‌ကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။ ကရင်အမျိုးသား အစည်းအရုံး -KNU သည် ကွန်ကရက်ကို (၄) နှစ်တကြိမ် ကျင်းပခြင်းဖြစ်သော်လည်း ကိုဗစ်ကာလနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ကြန့်ကြာမှုများရှိခဲ့ပြီး ယနေ့ ( မေလ ၂ ရက်) ညနေပိုင်းတွင် ဥက္ကဌ အသစ်ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။ ကရင်အမျိုးသားအစည်းအရုံး -KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်ကာ ယနေ့နံနက်ပိုင်းအထိ KNU…
Read More
“မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်လို့ CDM လုပ်ခဲ့”

“မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်လို့ CDM လုပ်ခဲ့”

RNA_မေ (၂)၊၂၀၂၃ ခုနှစ်။   “ခေါင်းဆောင်မကောင်းရင် မကြိုက်ဘူး၊ မကောင်းမှုမှန်သမျှ အကုန်လုပ်တဲ့ မင်းအောင်လှိုင်ရဲ့အောက်မှာ တာဝန်မထမ်းဆောင်နိုင်လို့ CDM လုပ်ခဲ့တယ်။ ထို့နည်းတူပဲ ကျွန်တော်တို့ မလုပ်ချင်ဘူး မင်းအောင်လှိုင်လက်အောက်မှာ လုပ်ချင်ဘူးဆိုရင် ထွက်ခဲ့ပါတယ် ကျွန်တော်တို့ ကြိုဆိုတယ်” ဟု စသဖြင့် ဗားရ်စခန်းသိမ်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုလေ့ကျင့်လုပ်ခဲ့သည် ဆိုသည့်အကြောင်းများကိုပါ CNDF Project Team Leader မဟာဗျူဟာမှူး အင်တာဗျူးက ပြောကြားထားသည်။ Red News Agnecy
Read More
ဉရုချောင်းဘေး ကျောက်ကျင်းတူးနေမှုကြောင့် တွင်းရေများခမ်းခြောက်ကာ ဒေသခံများအခက်အခဲတွေ့

ဉရုချောင်းဘေး ကျောက်ကျင်းတူးနေမှုကြောင့် တွင်းရေများခမ်းခြောက်ကာ ဒေသခံများအခက်အခဲတွေ့

RNA_ဖားကန့် မေလ (၂)ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီကျေးရွာဘက်ခြမ်း ဉရုချောင်းနှင့်ကပ်လျက် ကျောက်ကျင်းတူးဖော်နေမှုကြောင့် အနီးနားနေ ပြည်သူများအသုံးပြုသည့် တွင်းရေများခမ်းခြောက်ကာ သောက်သုံးရေပြတ်လပ်သည့်ပြဿနာကြုံတွေ့နေရသည်။ "ကျောက်တူးနေတဲ့နေရာက မှော်စီစာဘက်ခြမ်းဆိုပေမယ့် တစ်ဖက်က မလန်းကျေးရွာနဲ့ ငြိမ်းချမ်းသာယာကျေးရွာရှိတာ၊ အဲ့ဒီနား အိမ်ခြေ(၆၀၀)ဝန်းကျင်ရှိတယ်၊ ကျင်းတူးနေတော့ သောက်သုံးရေခမ်းတာဗျ၊ ရေရရှိရေး ပြန်လုပ်ပေးမယ့် အစီအစဉ်လည်း မရှိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ (more…)
Read More
စစ်ကောင်စီတပ် လေယာဉ်ဖြင့်ကြဲချသည့် ဗုံးတွင် ထိုင်းနိုင်ငံအမှတ်အသားများပါနေ

စစ်ကောင်စီတပ် လေယာဉ်ဖြင့်ကြဲချသည့် ဗုံးတွင် ထိုင်းနိုင်ငံအမှတ်အသားများပါနေ

RNA_မေ(၁)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့သည့် ဗုံးတွင် ထိုင်းနိုင်ငံအမှတ်အသားများပါဝင်နေသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ရှင်းပြထားသည်။ ၂၀၂၃ ခုနှစ် မေလ (၂၁) ရက်နေ့က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ထိုင်းနိုင်အမှတ်အသား ပါသည့်ဗုံးကြဲမှုအတွင်း ပြည်သူများ၏ အိုးအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။ #RedNewsAgency
Read More
“ပြာကျချင်ကျ ပြန်ချမှရမယ်” ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်သူလယ်သမားများ ဆန္ဒပြ

“ပြာကျချင်ကျ ပြန်ချမှရမယ်” ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်သူလယ်သမားများ ဆန္ဒပြ

NA_မေ(၁)၊၂၀၂၃ ခုနှစ်။ “ကျွန်တော်တို့ ပြာကျချင်ကျ ပြန်ချမှရမယ်နော်” ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသည့်ကြားမှ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတရွာမှ ဒေသခံ အလုပ်သမား လယ်သမားတို့သည် ယနေ့ (မေလ ၁ ရက်) ကမ္ဘာ့အလုပ်သမားနေ့တွင် ရွာအနီးဝန်းကျင်လှည့်ပတ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။ “လုပ်သားထုရဲ့ သွေးစည်းသံတချီတည်းရုန်းပြီးအောက်ပွဲခံ”၊ အလုပ်သမားထု လယ်သမားထု သွေးစည်းကြ” ၅/ ဆလက ရဲ့ တံစဉ်များ ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ #RedNewsAgency
Read More
ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

ဒေသခံ PDF ရဲဘော်များ ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် ကျေးရွာများကို နယ်မြေရှင်းလင်းရေးပြုလုပ်

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း -ဖောင်းပြင် နယ်စပ်၊ သဖန်းဆိပ်၊ နောင်ဆွတ်ခါး၊ ကရွတ်သာ၊ နတ်ပမောင်း၊ နတ်စက် စသည့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ ဧပြီလ (၂၈) ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖောင်းပြင် ပ.က.ဖ အင်အားစုများပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြောင်း ဟုမ္မလင်း -ပြည်သူ့ကာကွယ်ရေးတပ်မှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ရဲဘော်များဖမ်းဆီးမှုတွင် ထိပ်ဆုံးကပါနေသည့် အငြိမ်းစား ဗိုလ်မှူးရဲမင်းသန်းအား B-PDF အနီးကပ်ပစ်ခတ်

ရဲဘော်များဖမ်းဆီးမှုတွင် ထိပ်ဆုံးကပါနေသည့် အငြိမ်းစား ဗိုလ်မှူးရဲမင်းသန်းအား B-PDF အနီးကပ်ပစ်ခတ်

RNA_ဧပြီ(၃၀)၊၂၀၂၃ခုနှစ်။ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ကြောင်မျက်ရှင်လမ်းနေ အငြိမ်းစားယူထားသည့် ဗိုလ်မှူးရဲမင်းသန်းသည် တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးမှုများတွင် ထိပ်ဆုံးကပါနေသည့် အတွက် Bahan's Guerrilla Force (B-PDF) ရဲဘော်တို့က အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း B-PDFမှ ယနေ့ ထုတ်ပြန်ထားသည်။ အငြိမ်းစား ဗိုလ်မှူးရဲမင်းသန်း ( အသက် ၅၅ နှစ်ဝန်းကျင်) ကားနှင့်ထွက်လာစဉ် ယမန်နေ့ ( ဧပြီလ ၂၉ ရက်) နံနက် (၉) နာရီ ၄၆ မိနစ်ဝန်းကျင်က ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တွင် အနီးကပ် ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားခဲ့သည်။ (more…)
Read More
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အလယ်ပိုင်းတိုင်စစ်ဒေသ(၃)၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ်သည် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျဆုံးသွားခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှု‌ကြောင့် ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ တွင် တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည် (၁) ရီတွင် ရေစက်ချ အမျှဝေ တရားနာပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ထုတ်ပြန်ထားသည်။ (more…)
Read More