အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက် စွဲကိုင်ထားသည်ဟု NLD ထုတ်ပြန်

RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီအနေဖြင့် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်တည်တံ့ခိုင်မြဲရေး ကိုရှေးရှုလျက် အားလုံးပါဝင်သော အမျိုးသားရင်ကြားစေ့ရေးမူကို အလေးအနက်စွဲကိုင်ထားပါသည်ဟု ထုတ်ပြန်ထားသည်။

NLD ပါတီအနေဖြင့် မူလစတင်တည်ထောင်ချိန်မှစပြီး အခြေခံလူ့အခွင့်အရေးများကို အာမခံသည့်စစ်မှန်သော ဒီမိုကရေစီ ဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံသည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သောပါတီဖြစ်သည်ဟု ယနေ့ ကျနေရောက်သော ပါတီတည်ထောင်ခြင်း (၃၆) နှစ်ပြည်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော ပြဿနာများဖြေရှင်းရာတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဟု ယုံကြည်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းနှင့် နိုင်ငံတကာကိုလှည့်စားရန် ကြံစည်ဆောင်ရွက်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

 

#RedNewsAgency #RNA

By Editor