Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

    ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

    RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဗျူဟာကုန်ရှိ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးတို့ကြောင့် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၄ နာရီနှင့် ၅ နာရီအကြား မှော်စီစာအုပ်စု၊ မလောင်ကျေးရွာအတွင်းက နေအိမ်ပေါ်ကျရောက်ကာ မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံးသွားကာ (၇) အရွယ် လေးငယ်နှင့် ၁၆ နှစ်အရွယ်တို့သာ အသက်ရှင်ကျန်ရစ်ခဲ့ရကြောင်း သိရသည်။

    အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဖခင်ဖြစ်သူ ဦးဇော်လွင်ဦး ( အသက် ၃၇ နှစ်)၊ မိခင်ဖြစ်သူ ဒေါ်တင်မိုးလှိုင် (အသက် ၃၈ နှစ်)၊ သားဖြစ်သူ မောင်ဖြိုးဝေထွန် (အသက် ၁၃ နှစ်)တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

    (more…)

  • NUG လူဟောင်းများဖြင့် ထပ်မံ ပြင်ဆင်ဖွဲ့စည်း

    NUG လူဟောင်းများဖြင့် ထပ်မံ ပြင်ဆင်ဖွဲ့စည်း

    RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)အား လူဟောင်းများဖြင့်သာ ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ (ဒီဇင်ဘာ ၈ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” အား ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်ဟုဆိုကာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုပြီး ထုတ်ပြန်လိုက်သည်။

    (more…)

  • ဒီဇင်ဘာ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးလွတ်မြောက်ခဲ့

    ဒီဇင်ဘာ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးလွတ်မြောက်ခဲ့

    RNA_ဒီဇင်ဘာ(၄)၊၂၀၂၅ခုနှစ်။

    အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားသူများထဲကနေ ဒီဇင်ဘာ ၁ ရက်နေ့က အကျဉ်းထောင်အသီးသီမှ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးကို လွှတ်ပေးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ( ဒီဇင်ဘာ ၄ ရက်) တွင် အသိပေးထားသည်။

    ဒီဇင်ဘာ ၁ ရက်နေ့လွှတ်ပေးလိုက်သူများထဲတွင် သာယာဝတီထောင်မှ (၈၃) ဦး၊ ဒိုက်ဦးထောင်မှ (၅၀) ဦး၊ အိုးဘိုထောင်မှ (၄၆)ဦး၊ အင်းစိန်ထောင်မှ (၃၂) ဦး၊ မြင်းခြံထောင်မှ (၂၄) ဦး၊ ကလေးထောင်မှ (၁၁) ဦးအပါအဝင် စုစုပေါင်း (၂၇၂) ဦးဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းနှင့်ပတ်သက်ပြီး ၅၀၅-က ပုဒ်မဖြင့် လွတ်လာသူ (၆၃၉) ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ စာရင်းများအရ သိရသည်။

    (more…)

  • မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

    မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

    RNA_နိုဝင်ဘာ(၂၅)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းနေသလို လုပ်ပြနေသည့်အတွက် တစ်ချို့သော ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်သူများသည် ရွှေကုက္ကိုအပါအဝင် ကျားဖြန့်လုပ်ငန်းများမှ ရှောင်ပြေးချင်သည့်အတွက် မြဝတီမြို့နယ်မှ ဖားအံအရောက် တစ်ဦးကို ကျပ် (၅) သိန်းစျေးဖြင့် လက်နက်ကိုင်များက တာဝန်ယူ ပို့နေကြောင်း သိရသည်။

    ကရင်ပြည်နယ်အတွင်း Red News Agency ၏ သတင်းရင်းမြစ်က ” မြဝတီ-ဖားအံ တစ်ဦး ၅ သိန်းယူပြီးတော့ DKBA/BGF/PC တွေက ပို့ပေးနေတယ်။ ထီလုံ၊ နဘူး၊ ဖားအံတောင် ကလေးဂိတ်က စကစ၊ လဝကတွေက ငွေပေးနိုင်ရင်လွှတ်ပေးနေတယ်”ဟု နိုဝင်ဘာ ၂၂ ရက်နေ့က ပြောထားသည်။

    (more…)

  • NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုစသည်တို့ဖြင့် အတိုင်ခံထားရ

    NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုစသည်တို့ဖြင့် အတိုင်ခံထားရ

    RNA_နိုဝင်ဘာ (၂၁)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်မှုများနှင့် ပတ်သက်ပြီး နိုဝင်ဘာ (၁၉) ရက်နေ့ နေ့စွဲဖြင့် ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦးက NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စု ဝန်ကြီးချုပ်ထံ ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားထားသည်။

    NUG ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦး၏ တိုင်ကြားစာတွင် ငွေအလွဲသုံးစားလုပ်မှုများ၊ မိသားစုဝင်များကို ရုံးအတွင်း နေရာပေးမှုအတွင်း “လူကြီးတူကအစ ပညာပြသည့် အခြေအနေမျိုး” ဖြင့် အခြားဝန်ထမ်းများ ကြုံတွေ့နေရကြောင်း၊ မကြည်ပြာတို့ လင်မယားသည် တော်လှန်ရေးကာလ အခြေအနေမှာ အာဏာရှင်နှင့်မခြား အလွဲသုံးစားမှု၊ အဂတိမှုများစသည်တို့ကြောင့် တိုင်ကြားရခြင်းဖြစ်ပြီး၊ မကြည်ပြာနှင့် ကိုညီညီမင်းတို့၏ ဆောင်ရွက်ချက်များကြောင့် နစ်နာသူများအား ကုစားမှုများ ဆောင်ရွက်ပေးနှင့် နောက်ယျက်ခြင်းမရှိစေရန် ကာကွယ်မှုများပေးရန် NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စု ဝန်ကြီးချုပ်ထံ တိုင်ကြားသူများက အနူးအညွတ် မေတ္တာရပ်ခံထားသည်။

    (more…)

  • ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

    ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

    RNA_နိုဝင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အာဏာသိမ်းစစ်ကော်မရှင်တပ် ယာဉ်တန်းသည် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ကျားဖြန့်နှိမ်နင်းရေးအတွက်ဟုဆိုကာ ရွှေကုက္ကိုဘက် ထွက်သွားကြောင်း မြဝတီဒေသခံထံမှ သိရသည်။

    ဓာတ်ပုံ – ပုံဟောင်းများကို အသုံးပြုထားသည်။

    ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များကို အထူးစစ်ဆင်ရေး တစ်ရပ်အဖြစ် နှိမ်နင်းသွားမည်ဟုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) နေ့က ကရင်နယ်ခြားစောင့်တပ် – BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောထားသည်။

    (more…)

  • စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

    စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၅ခုနှစ်။

    အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အရေးယူအပြစ်ပေးနိုင်ရန် NUG စလင်းမြို့နယ် တရားရေးအဖွဲ့မှ တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေသည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။

    ဖမ်းဆီးရမိထားသည့် တရားခံ သက်ဝေ (အဖ) ဦးခင်မောင်ထွန်းသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး စစ်အုပ်စု၏ ရွေးကောက်ပွဲ​မှာ ဦးဆောင်ပါဝင်နေသည့်အတွက် ပြည်သူအား အကြမ်းဖက်မှုပြုလုပ်နေသည်ဟု NUG ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • မိုးကုတ်နှင့်မိုးမိတ်မြို့က TNLA တပ်များဆုတ်ပေးပြီး အပစ်အခတ်ရပ်စဲမည်

    မိုးကုတ်နှင့်မိုးမိတ်မြို့က TNLA တပ်များဆုတ်ပေးပြီး အပစ်အခတ်ရပ်စဲမည်

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၅ခုနှစ်။

    TNLA အနေဖြင့် သတ်မှတ်သဘောတူထားသော ကာလအတွင်း မိုးကုတ်နျင့် မိုးမိတ်မြို့နယ်မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွါမည်ဖြစ်ပြီးတော့ မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ (၀၀း၀၀)နာရီအချိန်မှ စတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ယနေ့ TNLA ကထုတ်ပြန်လိုက်သည်။

    (more…)

  • NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန်လက်မှတ်ရေးထိုးခဲ့သောအဖွဲ့များ တိုက်တွန်း

    NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန်လက်မှတ်ရေးထိုးခဲ့သောအဖွဲ့များ တိုက်တွန်း

    RNA_အောက်တိုဘာ(၁၃)၊၂၀၂၅ခုနှစ်။

    ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်များကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းစသည်တို့ကို ပြုလုပ်နေသည့် စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာကျသည့်အတွက် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်မြောက်အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များကို NCA လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့အစည်းများက ယနေ့ တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

    မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်ရည်ရွယ်သော KNU၊ CNF၊ ABSDF နှင့် PNLO တို့သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ NMSP နှင့် LDU တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

    (more…)

  • အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

    အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

    RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။

    ရခိုင်ပြည်နယ်အတွင်း သိမ်းရန်ကျန်ရှိနေသော မြို့များကို အာရက္ခတပ်တော်မှ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်နှင့်တစ်ပြိုင်နက် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့အတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

    လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင်စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သောနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြောကြားထားသည်။

    (more…)