သတင်း

ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

RNA_ဖေဖော်ဝါရီ(၃)၊ ၂၀၂၅ခုနှစ်။ မွန်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲနှင့်အတူ ပွင့်ဖြူမြို့နယ်သတင်းများ၊ PDF သင်တန်းဆင်းပွဲနှင့် စစ်မှုထမ်းသတင်းတို့ကို Red News Agency တင်ဆက်ထားခြင်းဖြစ်သည်။ #RedNewsAgency #RNA
Read More
ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများအတွက် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) သင်တန်းဆင်း

ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများအတွက် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) သင်တန်းဆင်း

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၅ခုနှစ်။ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။ NUG/MOD - PDF တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် KNLA နည်းပြများ၊ SOF သင်တန်းနည်းပြများနှင့် US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား)များ၏ နည်းစနစ်များ၊ လမ်းညွှန်ကွပ်ကဲမှုများဖြင့် လက်တွေ့ပစ်ခတ်မှုအများဆုံးနှင့် အကောင်းဆုံး ၄လခွဲကြာ လေ့ကျင့်ခဲ့ကြသော အထူးတပ်ဖွဲ့ဝင်များအဖြစ် မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု SOF ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ ခုနှစ်။   မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာကျော် သံပုံးတီးကမ်ပိန်းပြုလုပ်ခဲ့သလို စစ်ကောင်စီဖွဲ့စည်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်ချက်များပြုလုပ်ခဲ့သည်တို့ကို တင်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA
Read More
ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး

ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။ ကရင်နီနှင့် ရှမ်းတောင်အစပ်တို့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော စခန်းကုန်းအား KNDF အပါအဝင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှုတွင်လည်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးကြောင်း၊ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်ကျေးရွာအကြား ဇန်နဝါရီလ (၁၂) ရက်နေ့၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးကျော်သေဆုံးသည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး

စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကိုယ်ဝန်သည်မိခင်နှင့်ရင်သွေးအပြင် သားယောက်ျားလေးတစ်ဦး၊ သမီးနှစ်ဦး စုစုပေါင်း မိသားစုဝင် (၅) ဦးသေဆုံးခဲ့ရသည်ဟု ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက/ဌာနမှူး CDM ဆရာမ ဒေါ်ရတီအုန်းက ဖြစ်စဉ်ကို ပြောပြထားသည်။ (more…)
Read More
စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တနေရာတွင်၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများ၊ PDF ရဲဘော်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဒေသခံပြည်သူများပါဝင်သော စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေး (၄) နှစ်ပြည် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ (more…)
Read More
ကော်သူးလေတည်ဆောက်ရန် နားလည်မှုဖြင့် အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်

ကော်သူးလေတည်ဆောက်ရန် နားလည်မှုဖြင့် အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။   ကော်သူးလေတည်ဆောက်ရန်အတွက် တစ်ယောက်စီတိုင်းမှာ တစ်ဦးကိုတစ်ဦး နားလည်မှုနှင့် အတူလက်တွဲ လုပ်ဆောင်ရန်လိုအပ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၇၆) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့တွင် သတင်းစကားပါးထားသည်။ (more…)
Read More
ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော သူရဘွဲ့တံဆိပ် ချီးမြှင့်ခံရ

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော သူရဘွဲ့တံဆိပ် ချီးမြှင့်ခံရ

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။   ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသည့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောအား သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ (more…)
Read More
နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းအား အပြည့်အစုံဖော်ပြလိုက်ပါသည်။ #rednewsagency #rednews #rna #myanmar #revolution #burma
Read More
အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှုပြုလုပ်

အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှုပြုလုပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ မတရားဖမ်းဆီးမှုများကြောင့် အကျဉ်းထောက်အသီးသီးတွင် အမျိုးသမီး အကျဉ်းသူ (၅၀၀၀) ကျော်အပါအဝင် အကျဉ်းသားများ အားလုံးလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ပြုလုပ်နေကြောင်း သိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူများကို လက်နက်အားကိုဖြင့် အကြမ်းဖက်ဖြိုခွင်းပြီး ကလေးငယ်များအပါအဝင် အမျိုးသမီးများ၊ အမျိုးသားများ၊ သက်ကြီးရွယ်အိုများကိုဖမ်းဆီးထောင်ချမှုအပါအဝင် လမ်းမပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုသည် (၄) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ (more…)
Read More