ကျိုက်ထို

သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။   မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးထိ KNU/KNLA၊ KRF၊ ABSDF၊ ဝံပုလွေနက်စစ်ကြောင်း၊ ကျိုက်ထို ပကဖ၊ Kawa PDF နှင့် တော်လှန်ရေးရဲဘော်များက ဩဂုတ်လ (၁၈)၊ နံနက် (၇)နာရီမှ (၁၁) နာရီအထိ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။   သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီတိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့၌ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေး‌ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ လမ်းသွားလမ်းလာ ပြည်သူများက စစ်ဆေးမှုများကို တက်ကြွပျော်ရွှင်စွာ ပူးပေါင်းပါဝင်ပေးခဲ့ပြီး အစားအသောက်ပစ္စည်း အများအပြား လှူဒါန်းပေးခဲ့ကြသည့်အတွက် ပူးပေါင်းပါဝင်ပေးကြသော မိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိပါသည်ဟု Kawa PDF ကထုတ်ပြန်ထားသည်။  …
Read More