အမည်ပျက်စာရင်း

မြန်မာ့အရေးလုပ်ဆောင်နေသည့် ထိုင်းလွှတ်တော်အမတ်ဟောင်းကို စစ်အုပ်စုက အမည်ပျက်စာရင်းသွင်း

မြန်မာ့အရေးလုပ်ဆောင်နေသည့် ထိုင်းလွှတ်တော်အမတ်ဟောင်းကို စစ်အုပ်စုက အမည်ပျက်စာရင်းသွင်း

RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နေသည့် ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နဝီဆွတ်ဘ်ဆန် (Kannavee Suebsang) ကို စစ်အုပ်စုက အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်ကြေညာထားသည်။ ထိုင်းလွှတ်တော်အမတ်ဟောင်းသည် အကြမ်းဖက်မှုအား ထောက်ခံအားပေးသည်ဟုဆိုကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်အုပ်စုလက်အောက်ခံ မြန်မာသံရုံးက  ဇွန်လ (၄) ရက်စွဲဖြင့် ကြေညာချက်ကို ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ထုတ်ပြန်လာခြင်းဖြစ်သည်။ စစ်အုပ်စု၏ ကြေညာချက်၌ ဖော်ပြထားမှုအရ ကန်နဝီသည် ၂၀၂၆ ခုနှစ် မေလ (၂၃) ရက်က ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ့ဂုဏ်ရည်ဆု ဆုပေးပွဲအခမ်းအနား၌ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ဆုရရှိခဲ့ချိန် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုမင်းကိုနိုင်သည် ၁၉၈၈ ခုနှစ်ကတည်းက…
Read More