နိုင်ငံခြားသား

“သေမယ်ဆို ကိုယ့်နိုင်ငံကို ပြန်ပြီးမှ သေ” ဟု ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ထိုင်းဝန်ကြီးချုပ် ရင့်ရင့်သီးသီး ပြော

“သေမယ်ဆို ကိုယ့်နိုင်ငံကို ပြန်ပြီးမှ သေ” ဟု ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ထိုင်းဝန်ကြီးချုပ် ရင့်ရင့်သီးသီး ပြော

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ၏ဥပဒေများကို ချိုးဖောက်သည့် နိုင်ငံခြားသားများအနေဖြင့် အသက် သေဆုံးမှုအခြေအနေ ရှိလာပါက ကိုယ့်နိုင်ငံကိုပြန်ပြီးမှ သေဆုံးကြရန် (Go Die in Your Own Country) ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ရင့်ရင့်သီးသီး ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ “ခင်ဗျားတို့ ဒီကိုလာပြီး ကောင်းကောင်းမွန်မွန်နဲ့ ပိုက်ဆံရှာဖို့ပါပဲ။ ခင်ဗျားတို့ သေမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံကိုပြန်ပြီးမှ သေကြပါ။ ခင်ဗျားတို့ ကျွန်တော်တို့ နိုင်ငံထဲလာပြီးမှ သေဆုံးကြတာမျိုးကို အလိုမရှိပါဘူး” ဟု အနုထင်က ယနေ့ (စက်တင်ဘာ ၁၇ ရက်) ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပြောကြားမှုသည် ထိုင်းနိုင်ငံတွင်း ပုဂ္ဂလိကသင်္ချိုင်းများ တည်ဆောက်ရန် လုပ်ဆောင်နေသည့် နိုင်ငံခြားသားများအား ရည်ညွှန်းကာ အနုထင်က ပြည်ထဲရေးဝန်ကြီးဌာနအစည်းအဝေး၌…
Read More
မြဝတီမြို့တွင် ပိတ်မိသော အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦးထပ်မံတွေ့ရှိ

မြဝတီမြို့တွင် ပိတ်မိသော အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦးထပ်မံတွေ့ရှိ

RNA_မတ်(၄)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဟု သတင်းရရှိသည့်အတွက် BGF တပ်ဖွဲ့မှ မတ်လ (၃) ရက်နေ့ညပိုင်းက သွားရောက်စစ်ဆေးရာတွင် အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦး ထပ်မံတွေ့ရှိရသည်ဟု သိရသည်။ #RedNewsAgency #REDNEWS #RNA #BGF
Read More