28
Nov
RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း မန္တလေး-ဗန်းမော်ကားလမ်းမပေါ်ရှိ စစ်အုပ်စုတပ်စခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ယနေ့ (နိုဝင်ဘာ ၂၈ ရက်) တွင် ထုတ်ပြန်ထားသည်။ စစ်အုပ်စု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၄၈) ခြေလျင်တပ်ရင်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် မန္တလေး-ဗန်းမော်ကားလမ်းမကြီးတစ်လျှောက် အခြေပြု စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မန္တလေး-ဗန်းမော် ကားလမ်းမပေါ်ရှိ စစ်အုပ်စခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ (၂၇) ရက် နံနက် (၆) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ချိန် စစ်အုပ်စုတပ်ဖွဲ့ဝင် (၉) ဦး သေဆုံးကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်အုပ်စုထံမှ…