RNA Editor

63 Posts
အာဆီယံဘုံသဘောတူညီချက်လိုက်နာရေး မင်းအောင်လှိုင်နှင့် ဆွေးနွေးနိုင်မည်ဟု မလေးရှားဝန်ကြီးချုပ် မျှော်လင့်နေ

အာဆီယံဘုံသဘောတူညီချက်လိုက်နာရေး မင်းအောင်လှိုင်နှင့် ဆွေးနွေးနိုင်မည်ဟု မလေးရှားဝန်ကြီးချုပ် မျှော်လင့်နေ

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ မလေးရှားနိုင်ငံသို့ (၂) ရက်ကြာ ခရီးစဉ်လာရောက်မည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံချိန် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြောဆိုဆွေးနွေးရန်ရှိကြောင်း မလေးရှားအစိုးရ ယနေ့ (အောက်တိုဘာ ၆ ရက်) ထုတ်ပြန်ထားသည်။ မလေးရှားထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအရေး ဆွေးနွေးရန်အတွက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၇) ရက်နှင့် (၈) ရက်နေ့တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဉ်၌ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရေးအတွက် မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန်အပြင် ငြိမ်းချမ်းရေးမြှင့်တင်ရန်၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးပို့နိုင်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်အုပ်စုအနေဖြင့်…
Read More
ယခုနှစ်အတွင်း မြန်မာနိုင်ငံသား (၁၀၀၀၀) ကျော်ကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် ပြော

ယခုနှစ်အတွင်း မြန်မာနိုင်ငံသား (၁၀၀၀၀) ကျော်ကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် ပြော

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ မလေးရှားနိုင်ငံတွင်းရှိ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်ပို့မှုများသည် ပုံမှန်လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံ (၁၀၀၀၀) ကျော်ကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေချိန် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့မှုအပေါ် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများရှိနေချိန် မလေးရှားဝန်ကြီးချုပ်က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ပြုစုထားသည့် အချက်အလက်များအရ မလေးရှားနိုင်ငံတွင်း၌ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း (၁၉၃၀၀၀) ရှိနေကြောင်း၊ ၎င်းတို့အား ကာလရှည် ထိန်းသိမ်းထားရမှုသည် လုံခြုံရေးအကျပ်အတည်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။ ယနေ့ (အောက်တိုဘာ ၆ ရက်) ၌…
Read More
စိတ်ကျန်းမာရေးမကောင်းသူကို ကျားဖောင်လုပ်ကိုင်ရန် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့သူများအား ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်

စိတ်ကျန်းမာရေးမကောင်းသူကို ကျားဖောင်လုပ်ကိုင်ရန် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့သူများအား ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသား (၁) ဦးအား ပင်လယ်ပြင်တွင်း ကျားဖောင်၌ အလုပ်လုပ်ကိုင်ရန်အတွက် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့သူများထဲမှ ဖမ်းဆီးရမိသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်ခဲ့ကြောင်း စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၆ ရက်)_ ထုတ်ပြန်ထားသည်။ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားသည် နေအိမ်မှ ပျောက်ဆုံးသွားသဖြင့် ဖခင်ဖြစ်သူမှ လိုက်လံရှာဖွေရာ မင်္ဂလာဒုံမြို့နယ်နေ ဇော်လှိုင်မောင်မောင်၊ ဆိုတေး၊ ထွန်းဝင်းလှိုင်(ခ)ကုလားဝတုတ်၊ ကျော်နိုင်ဦး(ခ)ဘုံတို၊ မြမြထွေး(ခ)ကလေးမနှင့် ရီရီသန်းတို့ကို ခြိမ်းခြောက်ခေါ်ဆောင်သွားကြောင်း သိရပြီးနောက် ဒေသအာဏာပိုင်များကို တိုင်တန်းခဲ့ကြောင်း သိရသည်။ ယင်းနောက် စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ချိန် ၎င်းတို့…
Read More
တောင်သာရှိ မူလတန်းကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

တောင်သာရှိ မူလတန်းကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ မန္တလေးတိုင်း တောင်သာမြို့နယ် သာပေါင်းလေးရွာရှိ မူလတန်း စာသင်ကျောင်းကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ်များအပါအဝင် (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တောင်သာမြို့နယ် ထန်းပင်ကန်ရွာ ရေအောင်မြင်ဘုရား၌ တပ်စွဲထားသည့် စစ်အုပ်စုက သာပေါင်းလေးရွာရှိ စာသင်ကျောင်းကို ယနေ့ (အောက်တိုဘာ ၆ ရက်) နံနက် (၈) နာရီဝန်းကျင်၌ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီကလည်း ဖော်ပြထားသည်။ စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ချိန်တွင် မူလတန်းစာသင်ကျောင်း၌ ကလေးငယ်များ စာသင်ကြားနေချိန်ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး အချို့သည် ပြင်းထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေးငယ်များနှင့် စာသင်ကြားနေသည့် ဆရာမလည်း ပါဝင်ခဲ့ကြောင်း…
Read More
ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ပိုင်းမှ ကျေးရွာများကို စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ ရေဦးမြို့နယ်အနောက်ပိုင်း ညောင်ပင်သာရွာ၊ မကြီးကုံး (မကျည်းကုန်း) ရွာ၊ အုတ်ဖိုရွာနှင့် ညောင်စောက်ရွာတို့ရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အောက်တိုဘာ (၄) ရက် နေ့လည် ပိုင်း၌ စစ်အုပ်စုက အသေခံဒရုန်း (၃) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်စောက်ရွာမှ ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “ကာမီကာဇယ် အသေခံဒရုန်း (၃) စီး နဲ့ ရေဦးအနောက်ပိုင်း ကျေးရွာတစ်ရွာ ကိုတိုက်ခိုက်ခံရပြီး ပြည်သူ အမျိုးသမီး…
Read More
ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မန္တလေး အိုးဘိုထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာသည် ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် စက်တင်ဘာ (၂၈) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) (မန္တလေး) ထံက သိရသည်။ မန္တလေး ဆေးတက္ကသိုလ် ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူးဖြစ်သည့် CDM ဆရာမ ဒေါ်ခင်သီတာ (၅၃ နှစ်) ကို စစ်အုပ်စုက ၂၀၂၃ ခုနှစ် ဩဂုတ် (၁၅) ရက်တွင် မတရားဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၂၂) နှစ် ချမှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဆရာမက ထောင်မကျခင်က…
Read More
အစုလိုက်အပြုံလိုက်သတ်ပြီး စစ်အုပ်စု မြှုပ်ထားခဲ့သည့် အလောင်းများကို (၃) နှစ်ကျော်ကြာမှ တွေ့ရှိ

အစုလိုက်အပြုံလိုက်သတ်ပြီး စစ်အုပ်စု မြှုပ်ထားခဲ့သည့် အလောင်းများကို (၃) နှစ်ကျော်ကြာမှ တွေ့ရှိ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာ၌ စစ်အုပ်စု အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းကို (၃) နှစ်ကျော်အကြာ အောက်တိုဘာ (၄) ရက်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားသည်။ မြိုင်မြို့နယ် ဒေသအဖွဲ့အစည်းများက ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လဆန်းပိုင်းက မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်အုပ်စုနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့များက စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။ စစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် ဂွေးကုန်ရွာမှ ပြည်သူ (၅) ဦး၊ မကျီးကုန်းရွာမှ ပြည်သူ (၁)…
Read More
ရသေ့တောင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး သေဆုံး

ရသေ့တောင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး သေဆုံး

RNA_အောက်တိုဘာ(၄)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာ (၃) ခုကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး နေရာတွင် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ (၃) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ရသေ့တောင်မြိ့းပေါ်ရပ်ကွက်များအပါအဝင် ပြားချောင်းကြီးရွာ၊ ပြင်ခါင်ရွာနှင့် အငူမော်ရွာတို့ကို စစ်အုပ်စုက အောက်တိုဘာ (၃) ရက် နံနက်အစောပိုင်း (၁) နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု မိနစ် (၃၀) နီးပါးကြာ လုပ်ဆောင်ခဲ့ပြီး ဗုံးအလုံးရေ (၂၀) ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း တောင်ရင်းတန်းရပ်ကွက်မှ (၉) တန်းကျောင်းသူ အသက် (၁၅)…
Read More
ကျောက်တော်ဖြစ်စဉ်အပြီး ရခိုင်က မြို့နယ် (၅) ခုကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံး

ကျောက်တော်ဖြစ်စဉ်အပြီး ရခိုင်က မြို့နယ် (၅) ခုကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံး

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အခြားမြို့နယ် (၅) မြို့နယ်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံးခဲ့ကြောင်း AA သတင်းပြန်ကြားရေးက ယနေ့ (အောက်တိုဘာ ၂ ရက်) ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၈) ရက်က အရပ်သားပြည်သူ (၅၀) ဦး သေဆုံးခဲ့ပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောက်တော်ဖြစ်စဉ်အပြီး စက်တင်ဘာ (၃၀) ရက်မှစတင်ကာ အောက်တိုဘာ (၁) ရက်နေ့အထိ စစ်အုပ်စုက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ (ပေါက်တော)၊ ကျောက်တော်နှင့်…
Read More
ဘန်ကောက်ရေကြီးမှုအတွင်း လေဆိပ်၌ ခရီးဆောင်အိတ်များ စုပုံကြန့်ကြာနေမှုကြောင့် ထိုင်းလေကြောင်းလိုင်း CEO ရာထူးမှ နုတ်ထွက်ရ

ဘန်ကောက်ရေကြီးမှုအတွင်း လေဆိပ်၌ ခရီးဆောင်အိတ်များ စုပုံကြန့်ကြာနေမှုကြောင့် ထိုင်းလေကြောင်းလိုင်း CEO ရာထူးမှ နုတ်ထွက်ရ

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရေကြီးမှုအတွင်း သုဝဏ္ဏဘူမိလေဆိပ် သောင်းနှင့်ချီသည့် ခရီးဆောင်အိတ်များ စုပုံကြန့်ကြာနေမှုနေကြောင့် ထိုင်းအမျိုးသားလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ချိုင်းအေယမ်ဆီရီ (Chai Eamsiri) သည် ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၂၅) ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့တွင်း ရေကြီးရေလျှံမှုများကြောင့် သုဝဏ္ဏဘူမိလေဆိပ်၌ လေကြောင်းခရီးစဉ် စီမံခန့်ခွဲမှု အမှားအယွင်းများနှင့် ခရီးဆောင်အိတ် သယ်ယူပို့ဆောင်မှုစနစ်လည်း ချို့ယွင်းမှုများရှိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အပေါ် ထိုင်းအမျိုးသားလေကြောင်းလိုင်း ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Lavaron က ဦးဆောင်ပြီး ဘုတ်အဖွဲ့အစည်းအဝေးကျင်းပခဲ့ကာ ယခုဖြစ်စဉ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှီစေရန် အမှုဆောင်အရာရှိချုပ် မစ္စတာချိုင်းကို ရာထူးမှ နုတ်ထွက်စေခဲ့ခြင်း ဖြစ်သည်။ ဘန်ကောက်မြို့…
Read More