RNA Editor

120 Posts
မြန်မာက တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း အတည်ပြု

မြန်မာက တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း အတည်ပြု

RNA_အောက်တိုဘာ(၂၈)၊၂၀၂၆ခုနှစ်။ ကုလသမဂ္ဂ၌ မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) က အတည်ပြုခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရုံးအဖွဲ့က ထုတ်ပြန်ထားသည်။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဦးဆောင်ပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ (၁၁၈) မဲ၊ ကန့်ကွက်မဲ (၄၃) မဲ၊ ကြားနေမဲ (၂၁) မဲ တို့ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်းကို မြန်မာ နိုင်ငံမှ ဦးဆောင်၍ နှစ်စဉ်တင်သွင်းခဲ့ကြောင်း၊ နှစ်စဉ် အစဉ်အလာမပျက် အဖွဲ့ဝင်နိုင်ငံများ၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကိုလည်း…
Read More
လူမျိုးရေးအဓိကရုဏ်းဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း MNDAA ပြော

လူမျိုးရေးအဓိကရုဏ်းဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း MNDAA ပြော

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်း ဒေသခံပြည်သူများအကြား လူမျိုးရေးပဋိပက္ခ အဓိကရုဏ်းဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ရှုတ်ချကြောင်းနှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန် နှောင့်ယှက်လှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ယနေ့ (အောက်တိုဘာ ၂၇ ရက်) ထုတ်ပြန်ထားသည်။ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၏ အောက်တိုဘာ (၂၃) ရက် ထုတ်ပြန်ကို MNDAA က ပြန်လည်တုံ့ပြန်ပြောဆိုထားခြင်းဖြစ်ပြီး SSJAC ၏ ထုတ်ပြန်ချက်များသည် မြေပြင်အခြေအနေများနှင့် ကင်းကွာနေကြောင်းနှင့် SSJAC ၏ ခြိမ်းခြောက်မှုများကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ SSJAC ၏ ထုတ်ပြန်ချက်၌ MNDAA က ၎င်း…
Read More
မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ မြန်မာနယ်စပ်တိုက်ပွဲများကြောင့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုများအန္တရာယ်များမှ ကာကွယ်ပေးရန် ထိုင်းအစိုးရထံ မဲဆောက်ဒေသခံပြည်သူ (၂၀၀) ကျော်က တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ မြန်မာနယ်စပ်တိုက်ပွဲများနှင့် လက်နက်ကြီးပေါက်ကွဲမှုများကြောင့် ထိုင်းနယ်စပ် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများအပေါ် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်လာကြခြင်းဖြစ်သည်။ မဲဆောက်ဒေသခံပြည်သူများက မဟာဝမ်ကျေးရွာအုပ်စု မယ့်ကွန်ကင်းကျေးရွာ စာသင်ကျောင်းရှေ့၌ ယနေ့ နံနက် (၁၀) နာရီဝန်းကျင်၌ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနှင့်ကပ်လျက်ရှိသည့် ထိုင်းနယ်စပ်တစ်လျှောက် ဒေသခံပြည်သူများအား အရေးပေါ်ကာကွယ်မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် ထိခိုက်ဒဏ်ရာရသူများနှင့် နစ်နာသူမျာအတွက် အရေးပေါ်ဘဏ္ဍာရေး ထောက်ပံ့မှုပေးရန်၊ မြန်မာဘက်ခြမ်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ဒေသခံများ ထိခိုက်မှုမရှိစေရေးအတွက် ကာကွယ်ပေးရန်၊ လက်နက်ကြီးဒဏ်ကာကွယ်ရေးစခန်းများနှင့် ဗုံးခိုကျင်းများ…
Read More
နေရပ်ပြန်ပို့ခံရသည့် မြန်မာများထဲမှ ရာနှင့်ချီကို စစ်အုပ်စု ဖမ်းဆီးထားမှုအပေါ် မလေးရှားအစိုးရ မေးခွန်းထုတ်

နေရပ်ပြန်ပို့ခံရသည့် မြန်မာများထဲမှ ရာနှင့်ချီကို စစ်အုပ်စု ဖမ်းဆီးထားမှုအပေါ် မလေးရှားအစိုးရ မေးခွန်းထုတ်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ မလေးရှားထိန်းသိမ်းရေးစခန်းများမှ နေရပ်ပြန်ပို့ခံရသည့် မြန်မာများထဲမှ ရာနှင့်ချီကို စစ်အုပ်စုက ဆက်လက်ဖမ်းဆီးထားမှုအပေါ် မလေးရှားအစိုးရက ဖြေရှင်းချက်တောင်းခံသွားမည်ဟု The Star သတင်းဌာနက ဖော်ပြထားသည်။ စစ်အုပ်စုက နေရပ်ပြန်မပို့ဘဲ ရန်ကုန်ရှိ စစ်ကြောရေးစခန်းများ၌ ဖမ်းဆီးထားသည့် ရခိုင်လူမျိုး (၃၀၀) ဝန်းကျင်ရှိသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆီရီမိုဟာမက်ဟာဆန်က ယင်းအခြေအနေအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။ “ဒီအခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သံရုံးတာဝန်ခံကို ညွှန်ကြားထားပါတယ်။ မြန်မာ (စစ်အုပ်စု) တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ အာမခံချက် ကတိကဝတ်ကို လေးစားလိုက်နာဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်”ဟု အောက်တိုဘာ (၂၆) ရက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။…
Read More
အာဆီယံအထူးသံတမန် မနက်ဖြန် မြန်မာနိုင်ငံသို့ သွားမည်

အာဆီယံအထူးသံတမန် မနက်ဖြန် မြန်မာနိုင်ငံသို့ သွားမည်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးသံတမန်လည်းဖြစ်သူ မာရီယာထရီဆာလာဇာရိုသည် အောက်တိုဘာ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) ၌ မြန်မာနိုင်ငံကို သွားရောက်ရန်ရှိကြောင်း ထိုင်းသတင်းဌာန Thai PBS ၌ ဖော်ပြထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင် အကူအညီပေးနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ မြန်မာစစ်အုပ်စုတာဝန်ရှိသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် နေပြည်တော်သို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ လာဇာရို၏ အောက်တိုဘာ (၂၈ - ၂၉) နှစ်ရက်ကြာ ခရီးစဉ်၌ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေအပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိနေပြီး စစ်ရေးပဋိပက္ခ ကြုံတွေ့နေရသည့် နေရာများသို့ပါ လူသားချင်းအကူအညီများ တိုက်ရိုက်ပေးပို့နိုင်ရန် ဆွေးနွေးရန် ရှိနေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းဌာနက ဖော်ပြထားသည်။…
Read More
အမေရိကန်-မြန်မာ တွေ့ဆုံဆွေးနွေးမှုသည် စစ်အုပ်စုကို တရားဝင်မှုပေးခြင်းမဟုတ်ဟု ထိုင်းအစိုးရ ပြော

အမေရိကန်-မြန်မာ တွေ့ဆုံဆွေးနွေးမှုသည် စစ်အုပ်စုကို တရားဝင်မှုပေးခြင်းမဟုတ်ဟု ထိုင်းအစိုးရ ပြော

RNA_အောက်တိုဘာ(၂၄)၊၂၀၂၆ခုနှစ်။ အမေရိကန်နှင့် မြန်မာတာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခြင်းကို ကြိုဆိုကြောင်းနှင့် ယင်းအခြေအနေသည် အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုပေးခြင်းမဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်က အောက်တိုဘာ (၂၃) ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။ ယခု အောက်တိုဘာလဆန်းပိုင်း၌ အမေရိကန်နှင့် မြန်မာတာဝန်ရှိသူများ ဂျပန်နိုင်ငံ တိုကျိုမြို့၌ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့မှုအပေါ် ထိုင်းအစိုးရမှ ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ မြန်မာကို အထီးကျန်နိုင်ငံဖြစ်နေတာမျိုး အလိုမရှိပါဘူး။ ပြီးတော့ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြား အသုံးချခံ မဖြစ်စေချင်ပါဘူး။ အမေရိကန်နဲံ တစ်ခါတရံ စေ့စပ်ညှိနှိုင်းမှု လုပ်ဆောင်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒါဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင်အသိအမှတ်ပြုတာလို့ မယူဆသင့်ပါဘူး” ဟု…
Read More
မြိုင်မြို့နယ်အနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရပြီး မိသားစုဝင် (၃) ဦး သေဆုံး၊ ကလေးငယ် (၃) ဦး ထိခိုက်ဒဏ်ရာရ

မြိုင်မြို့နယ်အနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရပြီး မိသားစုဝင် (၃) ဦး သေဆုံး၊ ကလေးငယ် (၃) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၂၄)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း မြိုင်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင် (၃) ဦး သေဆုံးခဲ့ပြီး အသက် (၁၁) လအရွယ် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။ ယနေ့ (အောက်တိုဘာ ၂၄ ရက်) နံနက် (၁၀) နာရီဝန်းကျင်က မန္တလေးတိုင်း ညောင်ဦးမြို့မှတက်လာသည့် ဂျိုင်ရိုကော်ပတာကို အသုံးပြုကာ စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် တောင်ရိုးကျေးရွာအနီးမှ နေအိမ်တစ်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အညာမြေတပ်ပေါင်းစု၏ ထုတ်ပြန်ချက်၌ ကျေးရွာအမည်ကို မဖော်ပြထားသော်လည်း ဗုံးကြဲခံရသည့် နေရာသည့် တောင်ရိုးကျေးရွာအနီး၌ဖြစ်ကြောင်း မြိုင်မြို့နယ် ဒေသတွင်းသတင်းများ၌ ဖော်ပြထားသည်။ တောင်ရိုးကျေးရွာသည် ပေါက်မြို့နယ်နှင့်ကပ်လျက်ရှိပြီး မန္တလေး-မြစ်ကြီးနား…
Read More
ကန့်ဘလူမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် (၅) ဦး သေဆုံး (၄) ဦး ဒဏ်ရာရ

ကန့်ဘလူမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် (၅) ဦး သေဆုံး (၄) ဦး ဒဏ်ရာရ

RNA_အောက်တိုဘာ(၂၄)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ခြမ်းမှ ကျေးရွာ (၂) ရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင် (၅) ဦး သေဆုံးခဲ့ပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၄ ရက်) ထုတ်ပြန်ထားသည်။ ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ထန်းတောရွာအနီးရှိ တောင်ယာတဲတစ်ခုကို စစ်အုပ်စုက အောက်တိုဘာ (၂၃) ရက်က ညနေ (၆) နာရီ (၁၅) မိနစ်ဝန်းကျင်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူများထဲတွင် မောင်နှမ (၃)…
Read More
MNDAA ၏ ရုံးသုံးဘာသာစကားနဲ့ မြေယာပိုင်ဆိုင်မှု ပြုပြင်ရေးလုပ်ရပ်သည် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ထိခိုက်ကြောင်း SSJAC ကန့်ကွက်ရှုတ်ချ

MNDAA ၏ ရုံးသုံးဘာသာစကားနဲ့ မြေယာပိုင်ဆိုင်မှု ပြုပြင်ရေးလုပ်ရပ်သည် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ထိခိုက်ကြောင်း SSJAC ကန့်ကွက်ရှုတ်ချ

RNA_အောက်တိုဘာ(၂၃)၊၂၀၂၆ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ၎င်း ထိန်းချုပ်ဒေသအတွင်း ရုံးသုံးဘာသာစကားနှင့် မြေယာပိုင်ဆိုင်မှု ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုသည် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ယနေ့ (အောက်တိုဘာ ၂၃ ရက်) ထုတ်ပြန်ထားသည်။ MNDAA အကောင်အထည်ဖော်နေသည့် ရုံးသုံးဘာသာစကား ပြုပြင်ပြောင်းလဲမှုသည် ဒေသခံပြည်သူအများစုနှင့် ရင်းနှီးကျွမ်းဝင်မှု လုံးဝမရှိသော၊ အသုံးပြုလေ့မရှိသော ဘာသာစကားကို အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် မဖြစ်မနေ အသုံးပြုရန် ဖိအားပေး စေခိုင်းမှုများရှိနေကြောင်း SSJAC က ဖော်ပြထားသည်။ MNDAA မဖြစ်မနေ အသုံးပြုခိုင်းသည့် ရုံးသုံးဘာသာစကားသည် မည်သည့်ဘာသာစကား ဖြစ်သည်ကို SSJAC…
Read More
နိုင်ငံပေါင်း (၇) နိုင်ငံမှ နိုင်ငံခြားသား (၁၁) ဦး မဲဆောက်မြို့တွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

နိုင်ငံပေါင်း (၇) နိုင်ငံမှ နိုင်ငံခြားသား (၁၁) ဦး မဲဆောက်မြို့တွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၂၃)၊၂၀၂၆ခုနှစ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း (၁၁) ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ (အောက်တိုဘာ ၂၃ ရက်) သတင်းထုတ်ပြန်ထားသည်။ မြန်မာ=ထိုင်းနယ်စပ် မဲဆောက်မြို့နယ် Wang Kaeo ကျေးရွာ သောင်းရင်းမြစ်အနီးရှီ ကြံစိုက်ခင်းတစ်ခုအတွင်း၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများ ထိုင်းအာဏာပိုင်များက ယနေ့ နံနက် (၆) နာရီဝန်းကျင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြားသားများထဲတွင် နိုင်ဂျီးရီးယားနိုင်ငံသား (၁) ဦး၊ ပါကစ္စတန်နိုင်ငံသား (၁) ဦး၊ တောင်အာဖရိကနိုင်ငံသား (၁) ဦး၊ အိန္ဒိယနိုင်ငံသား (၂) ဦး၊…
Read More